၁ ရာ​ချုပ် 16:3-9 BCL

3 အ​စား​အ​စာ​များ​ကို​ဝေ​ပေး​တော်​မူ​၏။ မင်း ကြီး​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​အ​မျိုး​သား အ​မျိုး​သ​မီး​အ​ပေါင်း​တို့​အား​မုန့်​တစ်​လုံး၊ အ​မဲ​သား​တစ်​တုံး​နှင့် စ​ပျစ်​သီး​ခြောက် အ​နည်း​ငယ်​စီ​ပေး​တော်​မူ​၏။

4 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့ တွင်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​၌​သီ​ချင်း​ဆို​ခြင်း၊ ဂုဏ်​တော်​ကို​ချီး​မွမ်း​ခြင်း​တို့​ဖြင့်​ဦး​ဆောင်​ရန် ဒါ​ဝိဒ်​မင်း​သည်​လေ​ဝိ​အ​နွယ်​ဝင်​အ​ချို့​တို့ ကို​ခန့်​ထား​တော်​မူ​၏။-

5 သူ​တို့​၏​ခေါင်း​ဆောင်​မှာ​အာ​သပ်​ဖြစ်​၍​သူ ၏​လက်​ထောက်​မှာ​ဇာ​ခ​ရိ​ဖြစ်​၏။ ယေ​လ၊ ရှေ​မိ၊ ရာ​မုတ်၊ ယေ​ဟေ​လ၊ မတ္တိ​သိ၊ ဧ​လျာ​ဘ၊ ဗေ​နာ​ယ၊ သြ​ဗ​ဒေ​ဒုံ​နှင့်​ယေ​လ​တို့​သည် စောင်း​များ​ကို​တီး​ရ​ကြ​၏။ အာ​သပ်​ကား လင်း​ကွင်း​ကို​တီး​ရ​၍၊-

6 ယဇ်​ပု​ရော​ဟိတ်​ဗေ​နာ​ယ​နှင့်​ယ​ဟာ​ဇေ​လ တို့​က​တံ​ပိုး​ခ​ရာ​များ​ကို​ပ​ဋိ​ညာဉ်​သေတ္တာ တော်​၏​ရှေ့​တွင်​အ​ချိန်​မှန်​မှန်​မှုတ်​ရ​ကြ​၏။-

7 ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု ၍​သီ​ချင်း​ဆို​ကြ​ရန် အာ​သပ်​နှင့်​မိ​မိ​၏​အ​ဖော် လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို ဒါ​ဝိဒ်​မင်း​ပ​ထ​မ​ဆုံး အ​ကြိမ်​တာ​ဝန်​ပေး​ခြင်း​ပင်​ဖြစ်​သ​တည်း။

8 ထာ​ဝ​ရ​ဘု​ရား​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ကြ​လော့။ကိုယ်​တော်​သည်​ကြီး​မြတ်​တော်​မူ​ကြောင်း​ကို ထုတ်​ဖော်​ကြေ​ညာ​ကြ​လော့။ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို လူ​မျိုး​တ​ကာ​တို့​အား​ပြော​ကြား​ကြ​လော့။

9 ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဘွယ်​ရာ​တို့ ကို ပြော​ကြား​လျက်ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​သီ​ချင်း​ဆို​၍ ချီး​မွမ်း​ကြ​လော့။