7 ဤကားထာဝရဘုရားအားထောမနာပြု ၍သီချင်းဆိုကြရန် အာသပ်နှင့်မိမိ၏အဖော် လေဝိအနွယ်ဝင်တို့ကို ဒါဝိဒ်မင်းပထမဆုံး အကြိမ်တာဝန်ပေးခြင်းပင်ဖြစ်သတည်း။
8 ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။ကိုယ်တော်သည်ကြီးမြတ်တော်မူကြောင်းကို ထုတ်ဖော်ကြေညာကြလော့။ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို လူမျိုးတကာတို့အားပြောကြားကြလော့။
9 ကိုယ်တော်ပြုတော်မူသောအံ့သြဘွယ်ရာတို့ ကို ပြောကြားလျက်ကိုယ်တော်၏ဂုဏ်တော်ကိုသီချင်းဆို၍ ချီးမွမ်းကြလော့။
10 ငါတို့အားကိုယ်တော်ပိုင်တော်မူသည်ဖြစ်၍ ဝမ်းမြောက်ကြလော့။ကိုယ်တော်အားဝတ်ပြုကိုးကွယ်သူအပေါင်း တို့သည် ဝမ်းမြောက်ရွှင်မြူးကြစေ။
11 ကူမတော်မူရန်ထာဝရဘုရား၏ထံတော်သို့ ချဉ်းကပ်ကြလော့။ကိုယ်တော်အားအစဉ်အမြဲဝတ်ပြု ကိုးကွယ်ကြလော့။
12-13 ဘုရားသခင်၏အစေခံယာကုပ်၏သား မြေးတို့၊ဘုရားသခင်ရွေးကောက်တော်မူသော ဣသရေလ၏သားမြေးတို့၊ကိုယ်တော်ပြတော်မူသည့်ကြီးမြတ်အံ့သြဖွယ် ကောင်းသောနိမိတ်လက္ခဏာတို့ကိုလည်းကောင်း၊ကိုယ်တော်ချမှတ်တော်မူသောတရား စီရင်ချက်တို့ကိုလည်းကောင်းအောက်မေ့သတိရကြလော့။
14 ထာဝရဘုရားသည်ငါတို့၏ဘုရားသခင် ဖြစ်တော်မူ၏။ကိုယ်တော်၏ပညတ်တော်တို့သည် ကမ္ဘာတစ်ဝန်းလုံးအတွက်ဖြစ်၏။