၁ ရာ​ချုပ် 16:9-17 BCL

9 ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဘွယ်​ရာ​တို့ ကို ပြော​ကြား​လျက်ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​သီ​ချင်း​ဆို​၍ ချီး​မွမ်း​ကြ​လော့။

10 ငါ​တို့​အား​ကိုယ်​တော်​ပိုင်​တော်​မူ​သည်​ဖြစ်​၍ ဝမ်း​မြောက်​ကြ​လော့။ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​အ​ပေါင်း တို့​သည် ဝမ်း​မြောက်​ရွှင်​မြူး​ကြ​စေ။

11 ကူ​မ​တော်​မူ​ရန်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ​လော့။ကိုယ်​တော်​အား​အ​စဉ်​အ​မြဲ​ဝတ်​ပြု ကိုး​ကွယ်​ကြ​လော့။

12-13 ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ယာ​ကုပ်​၏​သား မြေး​တို့၊ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​သော ဣ​သ​ရေ​လ​၏​သား​မြေး​တို့၊ကိုယ်​တော်​ပြ​တော်​မူ​သည့်​ကြီး​မြတ်​အံ့​သြ​ဖွယ် ကောင်း​သော​နိ​မိတ်​လက္ခ​ဏာ​တို့​ကို​လည်း​ကောင်း၊ကိုယ်​တော်​ချ​မှတ်​တော်​မူ​သော​တ​ရား စီ​ရင်​ချက်​တို့​ကို​လည်း​ကောင်းအောက်​မေ့​သ​တိ​ရ​ကြ​လော့။

14 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​၏။ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​သည် ကမ္ဘာ​တစ်​ဝန်း​လုံး​အ​တွက်​ဖြစ်​၏။

15-16 ထာ​ဝ​စဉ်​တည်​မြဲ​စေ​ရန်​ကိုယ်​တော်​ပြု​တော် မူ​သော ပ​ဋိ​ညာဉ်​တော်​တည်း​ဟူ​သောအာ​ဗြ​ဟံ​နှင့်​ကိုယ်​တော်​ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​တော်​ကို​လည်း​ကောင်း၊ဣ​ဇာက်​အား​ပေး​တော်​မူ​သော​က​တိ​တော် ကို​လည်း​ကောင်း၊အ​ဘယ်​အ​ခါ​၌​မျှ​မ​မေ့​မ​လျော့​ကြ​နှင့်။

17 ထာ​ဝ​ရ​ဘု​ရား​သည်​ထာ​ဝ​စဉ်​တည်​မြဲ​မည့် ပ​ဋိ​ညာဉ်​တော်​ကို​ယာ​ကုပ်​နှင့်​ပြု​တော်​မူ​ခဲ့​၏။