8 သူသည်ဟာဒဒေဇာအစိုးရသည့်တိဗဟတ် မြို့နှင့် ခုန်မြို့တို့မှကြေးဝါအမြောက်အမြား ကိုလည်းသိမ်းယူ၍သွားလေသည်။ (နောင်အခါ ၌ရှောလမုန်မင်းသည်ထိုကြေးဝါတို့ဖြင့်ရေ ကန်တိုင်ကြီးများ၊ ဗိမာန်တော်အတွက်အိုး ခွက်များကိုပြုလုပ်သတည်း။)
9 ဒါဝိဒ်မင်းသည်ဟာဒဒေဇာမင်း၏တပ်မ တော်တစ်ခုလုံးကိုဖြိုခွင်းလိုက်ကြောင်း ဟာမတ်ဘုရင်တောဣကြားသိလေသော်-
10 ဒါဝိဒ်မင်းကြီးအားနှုတ်ခွန်းဆက်သရန်နှင့် စစ်ပွဲနိုင်သည့်အတွက် နှစ်ထောင်းအားရကြောင်း ဖော်ပြရန်သားတော်ဟဒေါရံကိုစေလွှတ် လိုက်လေသည်။ ဟဒေါရံသည်ဒါဝိဒ်မင်း အတွက် ရွှေ၊ ငွေ၊ ကြေးဝါ၊ တို့ဖြင့်ပြီးသော လက်ဆောင်ပဏ္ဏာများကိုယူဆောင်သွား၏။-
11 ဒါဝိဒ်မင်းသည်ထိုပစ္စည်းတို့ကိုမိမိစစ်ပွဲနိုင် သည့်ဧဒုံပြည်၊ မောဘပြည်၊ အမ္မုန်ပြည်၊ ဖိလိတ္တိ ပြည်နှင့်အာမလက်ပြည်ရှိလူမျိုးတကာတို့ ထံမှရရှိခဲ့သောရွှေ၊ ငွေများနှင့်အတူဝတ်ပြု ကိုးကွယ်ရာ၌အသုံးပြုရန်ဆက်ကပ်ပူဇော် တော်မူ၏။
12 ဇေရုယာ၏သားအဘိရှဲသည်ဆားချိုင့်ဝှမ်း တွင် ဧဒုံအမျိုးသားလူတစ်သောင်းရှစ်ထောင် ကိုလုပ်ကြံလေသည်။-
13 သူသည်ဧဒုံပြည်တစ်လျှောက်လုံးတွင်တပ်စခန်း များချ၍ထားသဖြင့် ထိုအရပ်ရှိလူတို့သည် ဒါဝိဒ်၏လက်အောက်ခံများဖြစ်လာကြလေ၏။ ထာဝရဘုရားသည်ဒါဝိဒ်အားအရပ် တကာတွင်အောင်ပွဲကိုပေးတော်မူသတည်း။
14 ဒါဝိဒ်သည်ဣသရေလနိုင်ငံတစ်ခုလုံးကို အစိုးရတော်မူ၍ မိမိ၏ပြည်သူပြည်သား အပေါင်းတို့အပေါ်တွင်အစဉ်ပင်တရား မျှတစွာစီရင်အုပ်ချုပ်တော်မူ၏။-