1 ယာကုပ်တွင်ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်၊-
2 ဒန်၊ ယောသပ်၊ င်္ဗယာမိန်၊ နဿာလိ၊ ဂဒ်၊ အာရှာဟူ၍ သားတစ်ဆယ့်နှစ်ယောက်ရှိ၏။
3 ယုဒတွင်စုစုပေါင်းသားငါးယောက်ရှိ၏။ သူ၏ ဇနီး၊ ခါနာန်အမျိုးသမီးဖြစ်သူ ရှုအာနှင့်ရ သောသားသုံးယောက်တို့ကားဧရ၊ သြနန်နှင့် ရှေလတို့ဖြစ်၏။ သူ၏သားအကြီးဆုံးဧရ သည်အလွန်ဆိုးညစ်သူဖြစ်သဖြင့် ထာဝရ ဘုရား၏ကွပ်မျက်တော်မူခြင်းကိုခံရ၏။-
4 ယုဒသည်မိမိ၏ချွေးမနှင့်ရပြန်သော သားနှစ်ယောက်မှာဖာရက်နှင့်ဇာရဖြစ်၏။
5 ဖာရက်တွင်ဟေဇရုံနှင့်ဟာမုလဟူသော သားနှစ်ယောက်ရှိ၏။-
6 သူ၏ညီဇာရတွင်ဇိမရိ၊ ဧသန်၊ ဟေမန်၊ ကာလကောလ၊ ဒါရဟူ၍သားငါးယောက် ရှိ၏။-
7 ကာမိ၏သားအာခန်သည်ဘုရားသခင်အား ဆက်ကပ်ထားသောတိုက်ခိုက်သိမ်းယူရရှိသည့် ဝတ္ထုပစ္စည်းကိုယူသောကြောင့် ဣသရေလ အမျိုးသားတို့ကပ်ဆိုက်ရကြကုန်၏။