15-16 သြဇင်နှင့်ဒါဝိဒ်တို့ဖြစ်၏။ ယေရှဲတွင်ဇေရုယာ နှင့်အဘိဂဲလဟူ၍သမီးနှစ်ယောက်လည်းရှိ၏။ယေရှဲ၏သမီးဇေရုယာတွင်အဘိရှဲ၊ ယွာဘ နှင့်အာသဟေလဟူသောသားသုံးယောက်ရှိ၏။-
17 သူ၏အခြားသမီးအဘိဂဲလသည် ဣရှမေလ မှဆင်းသက်လာသူယေသာနှင့်အိမ်ထောင်ပြု၏။ သူတို့မှာအာမသနာမည်တွင်သောသားတစ် ယောက်ရှိ၏။
18 ဟေဇရုံ၏သားကာလက်သည် အဇုဘနှင့်အိမ် ထောင်ပြု၍ယေရုတ်နာမည်တွင်သောသမီးတစ် ယောက်ကိုရ၏။ ယေရုတ်တွင်ယေရှာ၊ ရှောဗပ်နှင့် အာဒုန်ဟူသောသားသုံးယောက်ရှိ၏။-
19 အဇုဘသေလွန်ပြီးနောက်ကာလက်သည် ဧဖရတ် နှင့်အိမ်ထောင်ပြု၍ဟုရနာမည်တွင်သောသား ကိုရ၏။-
20 ဟုရ၏သားသည်ဥရိ၊ ဥရိ၏သားကားဗေဇ လေလတည်း။
21 ဟေဇရုံသည်အသက်ခြောက်ဆယ်ရှိသောအခါ မာခိရ၏သမီး၊ ဂိလဒ်၏ညီမနှင့်အိမ်ထောင် ပြု၍စေဂုပ်နာမည်တွင်သောသားတစ်ယောက် ကိုရ၏။-
22 စေဂုပ်တွင်ယာဣရနာမည်တွင်သောသားတစ် ယောက်ရှိ၏။ ယာဣရသည်ဂိလဒ်ပြည်တွင်မြို့ ကြီးနှစ်ဆယ့်သုံးမြို့ကိုအုပ်စိုးရ၏။-