၁ ရာ​ချုပ် 2:9-17 BCL

9 ဟေ​ဇ​ရုံ​တွင် ယေ​ရ​မေ​လ၊ အာ​ရံ၊ ကာ​လက် ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။

10 အာ​ရံ​မှ​ယေ​ရှဲ​တိုင်​အောင်​ဆွေ​စဉ်​မျိုး​ဆက်​ကား အာ​ရံ၊ အ​မိ​န​ဒပ်၊ (ယု​ဒ​အ​နွယ်​တွင်​ထင်​ပေါ် ကျော်​ကြား​သူ) နာ​ရှုန်၊

11-12 စာ​လ​မုန်၊ ဗော​ဇ၊- သြ​ဗက်၊ ယေ​ရှဲ​ဟူ​၍​ဖြစ်​သ​တည်း။

13 ယေ​ရှဲ​တွင်​သား​ခု​နစ်​ယောက်​ရှိ​၏။ သူ​တို့​အား ကြီး​စဉ်​ငယ်​လိုက်​ဖော်​ပြ​ရ​သော်​ဧ​လျာ​ဘ၊ အ​ဘိ​န​ဒပ်၊ ရှိ​မာ၊-

14 နာ​သ​နေ​လ၊ ရဒ္ဒဲ၊-

15-16 သြ​ဇင်​နှင့်​ဒါ​ဝိဒ်​တို့​ဖြစ်​၏။ ယေ​ရှဲ​တွင်​ဇေ​ရု​ယာ နှင့်​အ​ဘိ​ဂဲ​လ​ဟူ​၍​သမီး​နှစ်​ယောက်​လည်း​ရှိ​၏။ယေ​ရှဲ​၏​သ​မီး​ဇေ​ရု​ယာ​တွင်​အ​ဘိ​ရှဲ၊ ယွာ​ဘ နှင့်​အာ​သ​ဟေ​လ​ဟူ​သော​သား​သုံး​ယောက်​ရှိ​၏။-

17 သူ​၏​အ​ခြား​သ​မီး​အ​ဘိ​ဂဲ​လ​သည် ဣ​ရှ​မေ​လ မှ​ဆင်း​သက်​လာ​သူ​ယေ​သာ​နှင့်​အိမ်​ထောင်​ပြု​၏။ သူ​တို့​မှာ​အာ​မ​သ​နာ​မည်​တွင်​သော​သား​တစ် ယောက်​ရှိ​၏။