27 ရှောဟံ၊ ဇက္ကုရနှင့်ဣဗရိဟူ၍သားသုံးယောက် ယာဇိ၌ရှိ၏။-
28-29 ဧလာဇာနှင့်ကိရှဟူသောသားနှစ်ယောက် မဟာလိ၌ရှိ၏။ ဧလာဇာတွင်သားမရှိ။ သို့ရာတွင်ကိရှ၌ယေရမေလဟူသော သားတစ်ယောက်ရှိ၏။-
30 မုရှိ၌မဟာလိ၊ ဧဒါ၊ ယေရိမုတ်ဟူ သောသားသုံးယောက်ရှိသတည်း။ဤသူတို့သည်အိမ်ထောင်စုအလိုက်လေဝိ အနွယ်ဝင်များဖြစ်ကြ၏။
31 မိမိတို့၏ဆွေမျိုးများဖြစ်သောအာရုန်မှ ဆင်းသက်လာသော ယဇ်ပုရောဟိတ်များပြုခဲ့ ကြသည့်နည်းတူ၊ အိမ်ထောင်စုတိုင်းမှအိမ် ထောင်ဦးစီးနှင့်ယင်းအိမ်ထောင်မှညီဖြစ်သူ တစ်ယောက်သည်မဲချ၍ တာဝန်ဝတ္တရားများ ကိုယူရကြ၏။ ဤသို့ပြုရာ၌ဒါဝိဒ်မင်း၊ ဇာဒုတ်၊ အဟိမလက်၊ ယဇ်ပုရောဟိတ်တို့ ၏အိမ်ထောင်ဦးစီးများနှင့်လေဝိအနွယ် ဝင်တို့၏အိမ်ထောင်ဦးစီးများသည်အသိ သက်သေဖြစ်ကြ၏။