၁ ရာ​ချုပ် 26:13-19 BCL

13 လူ​ဦး​ရေ​အ​နည်း​အ​များ​ကို​ပ​မာ​ဏ​မ​ထား ဘဲ​အိမ်​ထောင်​စု​တိုင်း​ပင်​လျှင် မိ​မိ​တို့​အ​စောင့် တာ​ဝန်​ကျ​မည့်​တံ​ခါး​ကို​မဲ​နှိုက်​၍​ယူ​ရ​ကြ​၏။-

14 ရှေ​လ​မိ​သည်​အ​ရှေ့​တံ​ခါး​ကို​ရ​၍ သူ​၏​သား ဇာ​ခ​ရိ​သည်​မြောက်​တံ​ခါး​ကို​ရ​လေ​သည်။ သူ သည်​အ​စဉ်​ပင်​အ​ကြံ​ကောင်း​ဉာဏ်​ကောင်း​ကို ပေး​တတ်​သူ​ဖြစ်​၏။-

15 သြ​ဗ​ဒေ​ဒုံ​သည်​တောင်​တံခါး​ကို​စောင့်​ရန် တာ​ဝန်​ကျ​၏။ သူ​၏​သား​တို့​သည်​ကုန် လှောင်​ရုံ​ကို​စောင့်​ရ​ကြ​၏။-

16 ရှု​ပိန်​နှင့်​ဟော​သ​တို့​သည်​အ​နောက်​တံ​ခါး​နှင့် အ​ထက်​လမ်း​ရှိ၊ ရှလ္လေ​ခက်​တံ​ခါး​တွင်​တာ​ဝန် ကျ​ကြ​၏။ အ​စောင့်​တာ​ဝန်​ကို​တစ်​ချိန်​ပြီး တစ်​ချိန် ခွဲ​ခန့်​သတ်​မှတ်​ထား​၏။-

17 အ​ရှေ့​မျက်​နှာ​တွင်​အ​စောင့်​တပ်​သား​ခြောက် ယောက်၊ မြောက်​မျက်​နှာ​တွင်​လေး​ယောက်​နှင့် တောင်​မျက်​နှာ​တွင်​လေး​ယောက်​နေ့​စဉ်​တာ​ဝန် ကျ​လေ​သည်။ ကုန်​လှောင်​ရုံ​များ​တွင်​တစ်​ရုံ လျှင်​ခြောက်​ယောက်​စီ​နေ့​စဉ်​တပ်​သား​လေး ယောက်​စောင့်​ရ​ကြ​၏။-

18 အ​နောက်​မျက်​နှာ​စင်္ကြံ​အ​နီး​လမ်း​ပေါ်​တွင် အ​စောင့်​တပ်​သား​လေး​ယောက်​နှင့်​စင်္ကြံ​ထဲ တွင်​နှစ်​ယောက်​ရှိ​၏။-

19 ဤ​ကား​ကော​ရ​၏​အိမ်​ထောင်​စု​နှင့်​မေ​ရာ​ရိ ၏​အိမ်​ထောင်​စု​တို့​အား​အ​စောင့်​တာ​ဝန်​ခွဲ​ခန့် သတ်​မှတ်​ပေး​ပုံ​ဖြစ်​သ​တည်း။