25-31 ဘုရင်၏ပစ္စည်းဥစ္စာများကိုစီမံအုပ်ချုပ်ရသူ တို့၏စာရင်းမှာ အောက်ပါအတိုင်းဖြစ်၏။ဘုရင့်ကုန်လှောင်ရုံများကို အဒေလ၏သား အာဇိမာဝက်ကအုပ်ချုပ်ရ၏။ဒေသဆိုင်ရာကုန်လှောင်ရုံများကို သြဇိ၏သား ယောနသန်ကအုပ်ချုပ်ရ၏။တောင်သူလယ်သမားစုကို ခေလုပ်၏သားဧဇရိ အုပ်ချုပ်ရ၏။စပျစ်ဥယျာဉ်တို့ကိုရာမမြို့သားရှိမိက အုပ်ချုပ်ရ၏။စပျစ်ရည်တိုက်တို့ကိုရှိဖမိမြို့သားဇဗဒိက အုပ်ချုပ်ရ၏။အနောက်တောင်ခြေရှိသံလွင်ပင်များနှင့် သဖန်းပင်တို့ကို ဂေဒရိမြို့သားဗာလဟာနန်ကအုပ်ချုပ်ရ၏။ဆီတိုက်ကိုယောရှသည်အုပ်ချုပ်ရ၏။ရှာရုန်လွင်ပြင်ရှိနွားတို့ကိုရှာရုန်မြို့သားရှိ တရဲက အုပ်ချုပ်ရ၏။ချိုင့်ဝှမ်းများရှိနွားတို့ကိုအာဒလဲ၏သား ရှာဖတ်က အုပ်ချုပ်ရ၏။ကုလားအုတ်တို့ကိုဣရှမေလအနွယ်ဝင်၊ သြဗိလကအုပ်ချုပ်ရ၏။မြည်းတို့ကိုမေရောနသိမြို့သားယေဒေယက အုပ်ချုပ်ရ၏။သိုးနှင့်ဆိတ်တို့ကိုဟာဂရအနွယ်ဝင်ယာဇဇ်က အုပ်ချုပ်ရ၏။