1-3 ဟေဗြုန်မြို့တွင်ဒါဝိဒ်မင်းနန်းစံစဉ်အခါ ရရှိသောသားများကား ကြီးစဉ်ငယ်လိုက် အောက်ပါအတိုင်းဖြစ်၏။ယေဇရေလမြို့သူအဟိနောင်ကမွေးသော သားအာမနုန်၊ကရမေလမြို့သူအဘိဂဲလကမွေးသော သားဒံယေလ၊ဂေရှုရဘုရင်တာလမဲ၏သမီးမာခါက မွေးသောသားအဗရှလုံ၊ဟ္ဂိတ်ကမွေးသောသားအဒေါနိယ၊ အဘိ တလကမွေးသောသားရှေဖတိ၊ဧဂလမွေးသောသားဣသရံ။
4 ဒါဝိဒ်မင်းသည်ဟေဗြုန်မြို့တွင်ခုနစ်နှစ်နှင့် ခြောက်လနန်းစံတော်မူစဉ် ဤသားခြောက် ပါးစလုံးကိုရရှိသတည်း။သူသည်ယေရုရှလင်မြို့တွင်သုံးဆယ့်သုံး နှစ်နန်းစံတော်မူ၍၊-
5 သားများထပ်မံ၍ရရှိလေသည်။အမျေလ၏သမီးဗာသရှေဘသည်ရှမွာ၊ ရှောဗပ်၊ နာသန်နှင့်ရှောလမုန်ဟူသောသား တော်လေးပါးကိုမွေးဖွား၏။
6-8 ဒါဝိဒ်မင်းတွင်ဣဗဟာ၊ ဧလိရွှ၊ ဧလိပလက်၊ နောဂ၊ နေဖက်၊ ယာဖျာ၊ ဧလိရှမာ၊ ဧလျာဒ၊ ဧလိဖလက်ဟူ၍အခြားသားတော်ကိုး ပါးရှိ၏။-