25 ရှောလ၏သားသည်ရှလ္လုံ၊ သူ၏မြေးမှာ မိဘသံ၊ သူ၏မြစ်မှာမိရှမဖြစ်၏။-
26 မိရှမမှာအစပြု၍ဟမွေလ၊ ဇက္ကုရနှင့် ရှိမိတိုင်အောင်မျိုးဆက်ပေါက်ပွားလာ၏။-
27 ရှိမိတွင်သားတစ်ဆယ့်ခြောက်ယောက်နှင့် သမီးခြောက်ယောက်ရှိ၏။ သို့သော်သူ၏ ဆွေမျိုးသားချင်းတို့တွင်သားသမီးများ စွာမထွန်းကားသဖြင့် ရှိမောင်၏အမျိုး အနွယ်များသည်ယုဒအမျိုးအနွယ် များကဲ့သို့တိုးတက်ပွားများမှုမရှိချေ။
28 ရှိမောင်၏အမျိုးအနွယ်တို့သည်ဒါဝိဒ် မင်း၏လက်ထက်တိုင်အောင်ဗေရရှေဘ မြို့၊ မောလဒါမြို့၊ ဟာဇရွာလမြို့၊-
29 ဗိလဟာမြို့၊ ဧဇင်မြို့၊ တောလဒ်မြို့၊-
30 ဗေသွေလမြို့၊ ဟော်မာမြို့၊ ဇိကလတ်မြို့၊-
31 ဗက်မာကဗုတ်မြို့၊ ဟာဇသုသိမ်မြို့၊ ဗက်ဗိရိ မြို့၊ ရှာရိမ်မြို့တို့၌နေထိုင်ကြ၏။-