၁ ရာ​ချုပ် 4:27-33 BCL

27 ရှိ​မိ​တွင်​သား​တစ်​ဆယ့်​ခြောက်​ယောက်​နှင့် သ​မီး​ခြောက်​ယောက်​ရှိ​၏။ သို့​သော်​သူ​၏ ဆွေ​မျိုး​သား​ချင်း​တို့​တွင်​သား​သ​မီး​များ စွာ​မ​ထွန်း​ကား​သ​ဖြင့် ရှိ​မောင်​၏​အ​မျိုး အ​နွယ်​များ​သည်​ယု​ဒ​အ​မျိုး​အ​နွယ် များ​ကဲ့​သို့​တိုး​တက်​ပွား​များ​မှု​မ​ရှိ​ချေ။

28 ရှိ​မောင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​ဒါ​ဝိဒ် မင်း​၏​လက်​ထက်​တိုင်​အောင်​ဗေ​ရ​ရှေ​ဘ မြို့၊ မော​လ​ဒါ​မြို့၊ ဟာ​ဇ​ရွာ​လ​မြို့၊-

29 ဗိ​လ​ဟာ​မြို့၊ ဧ​ဇင်​မြို့၊ တော​လဒ်​မြို့၊-

30 ဗေ​သွေ​လ​မြို့၊ ဟော်​မာ​မြို့၊ ဇိ​က​လတ်​မြို့၊-

31 ဗက်​မာ​က​ဗုတ်​မြို့၊ ဟာ​ဇ​သု​သိမ်​မြို့၊ ဗက်​ဗိ​ရိ မြို့၊ ရှာ​ရိမ်​မြို့​တို့​၌​နေ​ထိုင်​ကြ​၏။-

32 ထို​ပြင်​သူ​တို့​သည်​ဧ​တံ၊ အိန်း၊ ရိမ္မုန်၊ တော​ခင်၊ အာ​ရှန်​တည်း​ဟူ​သော​မြို့​ငါး​မြို့​နှင့်​တ​ကွ၊-

33 အ​နောက်​တောင်​ဘက်​ရှိ​ဗာလ​မြို့​တိုင်​အောင် အ​နီး အ​နား​ကျေး​ရွာ​တို့​တွင်​လည်း​နေ​ထိုင်​ကြ​၏။ ဤ​ကား​မိ​မိ​တို့​ဆွေ​မျိုး​သား​ချင်း​စု​နှင့် မိမိ တို့​နေ​ထိုင်​ရာ​ဒေ​သ​များ​အ​ကြောင်း​ကို မှတ်​တမ်း​တင်​ထား​ခြင်း​အ​ရ​ဖြစ်​ပေ​သည်။