32 ထိုပြင်သူတို့သည်ဧတံ၊ အိန်း၊ ရိမ္မုန်၊ တောခင်၊ အာရှန်တည်းဟူသောမြို့ငါးမြို့နှင့်တကွ၊-
33 အနောက်တောင်ဘက်ရှိဗာလမြို့တိုင်အောင် အနီး အနားကျေးရွာတို့တွင်လည်းနေထိုင်ကြ၏။ ဤကားမိမိတို့ဆွေမျိုးသားချင်းစုနှင့် မိမိ တို့နေထိုင်ရာဒေသများအကြောင်းကို မှတ်တမ်းတင်ထားခြင်းအရဖြစ်ပေသည်။
34-38 ထိုသူတို့၏သားချင်းစုဦးစီးခေါင်းဆောင် များမှာမေရှောဗပ်၊ယာမလက်၊အာမဇိ၏သား ယောရှ၊ယောလ၊စရာယ၏မြေး၊အာသေလ၏မြစ်၊ယောရှိဘိယ သားဖြစ်သောယေဟု၊ဧလျောနဲ၊ယာကောဘ၊ယေရှောဟာယ၊အသာယ၊ အဒျေလ၊ယေသိမျေလ၊ဗေနာယ၊ယေဒါယ၊ရှိမရိ၊ရှေမာယနှင့်အလ္လုန်မှဆင်း သက် လာသောရှိဖိ၏သားဇိဇ။ထိုသူတို့၏အိမ်ထောင်စုများသည်ဆက် လက်တိုးပွားများပြားလာသဖြင့်၊-
39 အနောက်ဘက်တွင်ဂေရာမြို့အနီးသို့တိုင် အောင်ပြန့်နှံ့သွားလျက် ထိုမြို့တည်ရာချိုင့် ဝှမ်းအရှေ့ဘက်တွင်သိုးများကိုထိန်း ကျောင်းကြ၏။-
40 သူတို့သည်ငြိမ်းချမ်းသာယာသည့်မြေပြန့် ဒေသတွင် စားကျက်ကောင်းများကိုအလုံ အလောက်တွေ့ရှိကြလေသည်။ ထိုအရပ်တွင် နေထိုင်ခဲ့ကြသူတို့မှာဟာမအမျိုးသား များဖြစ်သတည်း။
41 ယုဒဘုရင်၊ ဟေဇကိမင်းလက်ထက်၌ အထက်ဖော်ပြပါလူတို့သည် ဂေရာမြို့ သို့သွား၍ဟာမအမျိုးသားတို့ကိုသူ တို့၏တဲအိမ်များနှင့်တကွသုတ်သင် ဖျက်ဆီးပစ်ပြီးလျှင် ထိုအရပ်တွင် အတည်တကျအခြေစိုက်၍နေထိုင် ကြလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်မိမိတို့၏သိုးများအတွက် စားကျက်အလုံအလောက်ကိုရရှိကြ သောကြောင့်ဖြစ်၏။-
42 ရှိမောင်အနွယ်ဝင်လူငါးရာတို့သည် အရှေ့ဘက်၊ ဧဒုံပြည်သို့သွားကြ၏။ သူ တို့အားဦးဆောင်သွားကြသူများမှာ ပေလတိ၊ နာရိ၊ ရေဖာယနှင့်သြဇေလ တို့ဖြစ်၏။ သူတို့ကားဣရှိ၏သားများ ဖြစ်သတည်း။-