17 (ဤစာရင်းမှတ်တမ်းများမှာယုဒဘုရင် ယောသံမင်းနှင့် ဣသရေလဘုရင်ယေရော ဗောင်မင်းတို့၏လက်ထက်၌ပြုစုရေးသား သောမှတ်တမ်းများဖြစ်သတည်း။)
18 ရုဗင်၊ ဂဒ်နှင့်အရှေ့ပိုင်းမနာရှေတို့တွင် လေး၊ ဋ္ဌား၊ ဒိုင်းလွှားကိုင်ဆောင်မှုတွင်ကောင်း စွာကျင်လည်သူ စစ်သားပေါင်းလေးသောင်း လေးထောင်ခုနစ်ရာ့ခြောက်ဆယ်ရှိ၏။-
19 သူတို့သည်ဟာဂရအနွယ်များဖြစ်ကြ သောယေတုရ၊ နာဖိရှ၊ နောဒပ်သားချင်းစု တို့နှင့်စစ်တိုက်ကြ၏။-
20 ထိုအခါသူတို့သည်ဘုရားသခင်အား ယုံကြည်ကိုးစားလျက် ကူမတော်မူရန် ဆုတောင်းပတ္ထနာပြုကြ၏။ ဘုရားသခင် သည်လည်းနားညောင်းတော်မူသဖြင့် သူတို့ သည်ဟာဂရအမျိုးသားနှင့်၎င်း၏မဟာ မိတ်တို့ကိုအနိုင်ရကြ၏။-
21 သူတို့သည်ရန်သူများဘက်မှကုလားအုတ် ငါးသောင်း၊ သိုးနှစ်သိန်းငါးသောင်းနှင့်မြည်း နှစ်ထောင်ကိုလက်ရဖမ်းမိကြ၏။ သုံ့ပန်း တစ်သိန်းကိုလည်းရရှိကြ၏။-
22 ဤစစ်ပွဲသည်ဘုရားသခင်၏အလိုတော် အရဖြစ်သဖြင့် ရန်သူအများအပြား သေကြကုန်၏။ ထိုနောက်ဣသရေလ အမျိုးသားတို့သည်ပြည်နှင်ဒဏ်ခံရ ချိန်မတိုင်မီ ထိုပြည်တွင်ဆက်လက်နေ ထိုင်ကြ၏။
23 အရှေ့ပိုင်းမနာရှေမှလူတို့သည်ဗာရှန် ပြည်တွင်မြောက်သို့လားသော်ဗာလဟေရ မုန်မြို့၊ စနိရမြို့နှင့်ဟေရမုန်တောင်ပိုင်း တိုင်အောင်ပြန့်နှံ့လျက်အခြေစိုက်နေထိုင် ကြလေသည်။ သူတို့၏လူဦးရေသည် လည်းများစွာတိုးတက်၍လာ၏။-