၁ ရာ​ချုပ် 6:51-53-62 BCL

51-53 ဗုက္ကိ၊ သြ​ဇိ၊ ဇေ​ရ​ဟိ၊- မ​ရာ​ယုတ်၊ အာ​မ​ရိ၊ အ​ဟိ​တုပ်၊ ဇာ​ဒုတ်၊ အ​ဟိ​မတ်​ဟူ​၍​ဖြစ်​၏။

54-55 ကော​ဟတ်​သား​ချင်း​စု​ဖြစ်​သော၊ အာ​ရုန် ၏​သား​မြေး​များ​ပ​ထ​မ​ဆုံး​ဝေ​စု​အ​ဖြစ်​ဖြင့် ခွဲ​ဝေ​ပေး​ခြင်း​ခံ​ရ​သည့်​နယ်​မြေ​များ​မှာ ယု​ဒ​နယ်​မှ​ဟေ​ဗြုန်​မြို့​နှင့်​ပတ်​ဝန်း​ကျင် ရှိ​မြက်​ခင်း​များ​ဖြစ်​၏။-

56 ထို​မြို့​တို့​နှင့်​သက်​ဆိုင်​ရာ​လယ်​များ၊ ရွာ​များ​ကို မူ​ယေ​ဖုန္န​၏​သား​ကာ​လက်​က​ရ​ရှိ​လေ​သည်။-

57-59 အာ​ရုန်​၏​သား​မြေး​တို့​အား​ခွဲ​ဝေ​ပေး​သည့်​မြို့ များ​မှာ အ​ပြစ်​လွတ်​ငြိမ်း​ခွင့်​ရ​ရန်​ခို​လှုံ​ရာ​ဖြစ် သော​ဟေ​ဗြုန်​မြို့၊ ယတ္တိ​ယ​မြို့၊ လိ​ဗ​န၊ ဧ​ရှ​တ​မော၊ ဟော​လုန်၊ ဒေ​ဗိ​ရ၊ အာ​ရှန်​ဗက်​ရှေ​မက်​မြို့​များ နှင့်​ထို​မြို့​တို့​နှင့်​သက်​ဆိုင်​ရာ​မြက်​ခင်း​များ ဖြစ်​ပေ​သည်။-

60 သူ​တို့​သည်​င်္ဗယာ​မိန်​နယ်​မှ​ဂေ​ဗ၊ အာ​လ​မက်၊ အာ​န​သုတ်​မြို့​များ​နှင့်​သက်​ဆိုင်​ရာ​မြက်​ခင်း များ​ကို​လည်း​ရ​ရှိ​ကြ​၏။ ဤ​သို့​လျှင်​သူ​တို့ ၏​အိမ်​ထောင်​စု​အား​လုံး​နေ​ထိုင်​ရန်​အ​တွက် စု​စု​ပေါင်း​မြို့​တစ်​ဆယ့်​သုံး​မြို့​ကို​ရ​ရှိ​ကြ လေ​သည်။-

61 ကော​ဟပ်​သား​ချင်း​စု​ထဲ​မှ​ကျန်​ရှိ​နေ​သော သူ​တို့​သည် အ​နောက်​ပိုင်း​မ​နာ​ရှေ​နယ်​ရှိ​မြို့ ဆယ်​မြို့​ကို​အိမ်​ထောင်​စု​အ​လိုက်​မဲ​ချ​၍ ခွဲ​ဝေ​ယူ​ရ​ကြ​၏။

62 ဂေ​ရ​ရှုံ​သား​ချင်း​စု​တို့​သည် ဣ​သ​ခါ​နယ်၊ အာ​ရှာ​နယ်၊ န​ဿ​လိ​နယ်၊ ဗာ​ရှန်​ပြည်​အ​ရှေ့ မ​နာ​ရှေ​နယ်​တို့​မှ​မြို့​တစ်​ဆယ့်​သုံး​မြို့​ကို အိမ်​ထောင်​စု​အ​လိုက်​မဲ​ချ​၍​ခွဲ​ဝေ​ယူ​ရ ကြ​၏။-