54-55 ကောဟတ်သားချင်းစုဖြစ်သော၊ အာရုန် ၏သားမြေးများပထမဆုံးဝေစုအဖြစ်ဖြင့် ခွဲဝေပေးခြင်းခံရသည့်နယ်မြေများမှာ ယုဒနယ်မှဟေဗြုန်မြို့နှင့်ပတ်ဝန်းကျင် ရှိမြက်ခင်းများဖြစ်၏။-
56 ထိုမြို့တို့နှင့်သက်ဆိုင်ရာလယ်များ၊ ရွာများကို မူယေဖုန္န၏သားကာလက်ကရရှိလေသည်။-
57-59 အာရုန်၏သားမြေးတို့အားခွဲဝေပေးသည့်မြို့ များမှာ အပြစ်လွတ်ငြိမ်းခွင့်ရရန်ခိုလှုံရာဖြစ် သောဟေဗြုန်မြို့၊ ယတ္တိယမြို့၊ လိဗန၊ ဧရှတမော၊ ဟောလုန်၊ ဒေဗိရ၊ အာရှန်ဗက်ရှေမက်မြို့များ နှင့်ထိုမြို့တို့နှင့်သက်ဆိုင်ရာမြက်ခင်းများ ဖြစ်ပေသည်။-
60 သူတို့သည်င်္ဗယာမိန်နယ်မှဂေဗ၊ အာလမက်၊ အာနသုတ်မြို့များနှင့်သက်ဆိုင်ရာမြက်ခင်း များကိုလည်းရရှိကြ၏။ ဤသို့လျှင်သူတို့ ၏အိမ်ထောင်စုအားလုံးနေထိုင်ရန်အတွက် စုစုပေါင်းမြို့တစ်ဆယ့်သုံးမြို့ကိုရရှိကြ လေသည်။-
61 ကောဟပ်သားချင်းစုထဲမှကျန်ရှိနေသော သူတို့သည် အနောက်ပိုင်းမနာရှေနယ်ရှိမြို့ ဆယ်မြို့ကိုအိမ်ထောင်စုအလိုက်မဲချ၍ ခွဲဝေယူရကြ၏။
62 ဂေရရှုံသားချင်းစုတို့သည် ဣသခါနယ်၊ အာရှာနယ်၊ နဿလိနယ်၊ ဗာရှန်ပြည်အရှေ့ မနာရှေနယ်တို့မှမြို့တစ်ဆယ့်သုံးမြို့ကို အိမ်ထောင်စုအလိုက်မဲချ၍ခွဲဝေယူရ ကြ၏။-
63 ထိုနည်းတူစွာမေရာရိသားချင်းစုတို့သည် ရုဗင်နယ်၊ ဂဒ်နယ်နှင့်ဇာဗုလုန်နယ်တို့မှမြို့ တစ်ဆယ့်နှစ်မြို့ကိုအိမ်ထောင်စုအလိုက်မဲချ ၍ခွဲဝေယူရကြ၏။-