၁ ရာ​ချုပ် 6:57-59-65 BCL

57-59 အာ​ရုန်​၏​သား​မြေး​တို့​အား​ခွဲ​ဝေ​ပေး​သည့်​မြို့ များ​မှာ အ​ပြစ်​လွတ်​ငြိမ်း​ခွင့်​ရ​ရန်​ခို​လှုံ​ရာ​ဖြစ် သော​ဟေ​ဗြုန်​မြို့၊ ယတ္တိ​ယ​မြို့၊ လိ​ဗ​န၊ ဧ​ရှ​တ​မော၊ ဟော​လုန်၊ ဒေ​ဗိ​ရ၊ အာ​ရှန်​ဗက်​ရှေ​မက်​မြို့​များ နှင့်​ထို​မြို့​တို့​နှင့်​သက်​ဆိုင်​ရာ​မြက်​ခင်း​များ ဖြစ်​ပေ​သည်။-

60 သူ​တို့​သည်​င်္ဗယာ​မိန်​နယ်​မှ​ဂေ​ဗ၊ အာ​လ​မက်၊ အာ​န​သုတ်​မြို့​များ​နှင့်​သက်​ဆိုင်​ရာ​မြက်​ခင်း များ​ကို​လည်း​ရ​ရှိ​ကြ​၏။ ဤ​သို့​လျှင်​သူ​တို့ ၏​အိမ်​ထောင်​စု​အား​လုံး​နေ​ထိုင်​ရန်​အ​တွက် စု​စု​ပေါင်း​မြို့​တစ်​ဆယ့်​သုံး​မြို့​ကို​ရ​ရှိ​ကြ လေ​သည်။-

61 ကော​ဟပ်​သား​ချင်း​စု​ထဲ​မှ​ကျန်​ရှိ​နေ​သော သူ​တို့​သည် အ​နောက်​ပိုင်း​မ​နာ​ရှေ​နယ်​ရှိ​မြို့ ဆယ်​မြို့​ကို​အိမ်​ထောင်​စု​အ​လိုက်​မဲ​ချ​၍ ခွဲ​ဝေ​ယူ​ရ​ကြ​၏။

62 ဂေ​ရ​ရှုံ​သား​ချင်း​စု​တို့​သည် ဣ​သ​ခါ​နယ်၊ အာ​ရှာ​နယ်၊ န​ဿ​လိ​နယ်၊ ဗာ​ရှန်​ပြည်​အ​ရှေ့ မ​နာ​ရှေ​နယ်​တို့​မှ​မြို့​တစ်​ဆယ့်​သုံး​မြို့​ကို အိမ်​ထောင်​စု​အ​လိုက်​မဲ​ချ​၍​ခွဲ​ဝေ​ယူ​ရ ကြ​၏။-

63 ထို​နည်း​တူ​စွာ​မေ​ရာ​ရိ​သား​ချင်း​စု​တို့​သည် ရု​ဗင်​နယ်၊ ဂဒ်​နယ်​နှင့်​ဇာ​ဗု​လုန်​နယ်​တို့​မှ​မြို့ တစ်​ဆယ့်​နှစ်​မြို့​ကို​အိမ်​ထောင်​စု​အ​လိုက်​မဲ​ချ ၍​ခွဲ​ဝေ​ယူ​ရ​ကြ​၏။-

64 ဤ​နည်း​အား​ဖြင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​နေ​ထိုင်​ရန် မြို့​များ​ကို​အ​နီး တစ်​ဝိုက်​ရှိ​မြက်​ခင်း​များ​နှင့်​တ​ကွ​ခွဲ​ဝေ​ပေး ကြ​ကုန်​သည်။-

65 (အ​ထက်​ဖော်​ပြ​ပါ​ယု​ဒ​နယ်၊ ရှိ​မောင်​နယ်၊ င်္ဗယာ​မိန်​နယ်​တို့​မှ​မြို့​တို့​ကို​လည်း​မဲ​ချ​၍ ခွဲ​ဝေ​ပေး​ကြ​၏။)