61 ကောဟပ်သားချင်းစုထဲမှကျန်ရှိနေသော သူတို့သည် အနောက်ပိုင်းမနာရှေနယ်ရှိမြို့ ဆယ်မြို့ကိုအိမ်ထောင်စုအလိုက်မဲချ၍ ခွဲဝေယူရကြ၏။
62 ဂေရရှုံသားချင်းစုတို့သည် ဣသခါနယ်၊ အာရှာနယ်၊ နဿလိနယ်၊ ဗာရှန်ပြည်အရှေ့ မနာရှေနယ်တို့မှမြို့တစ်ဆယ့်သုံးမြို့ကို အိမ်ထောင်စုအလိုက်မဲချ၍ခွဲဝေယူရ ကြ၏။-
63 ထိုနည်းတူစွာမေရာရိသားချင်းစုတို့သည် ရုဗင်နယ်၊ ဂဒ်နယ်နှင့်ဇာဗုလုန်နယ်တို့မှမြို့ တစ်ဆယ့်နှစ်မြို့ကိုအိမ်ထောင်စုအလိုက်မဲချ ၍ခွဲဝေယူရကြ၏။-
64 ဤနည်းအားဖြင့်ဣသရေလပြည်သားတို့သည် လေဝိအနွယ်ဝင်တို့နေထိုင်ရန် မြို့များကိုအနီး တစ်ဝိုက်ရှိမြက်ခင်းများနှင့်တကွခွဲဝေပေး ကြကုန်သည်။-
65 (အထက်ဖော်ပြပါယုဒနယ်၊ ရှိမောင်နယ်၊ င်္ဗယာမိန်နယ်တို့မှမြို့တို့ကိုလည်းမဲချ၍ ခွဲဝေပေးကြ၏။)
66 ကောဟတ်သားချင်းစုထဲမှအချို့သောအိမ် ထောင်စုတို့သည် ဧဖရိမ်နယ်မှမြို့များနှင့် မြက်ခင်းများကိုရရှိကြ၏။-
67-69 ထိုမြို့များမှာဧဖရိမ်တောင်ကုန်းများပေါ် တွင်တည်ရှိလျက် အပြစ်လွတ်ငြိမ်းခွင့်အတွက် ခိုလှုံရာဖြစ်သောရှေခင်မြို့၊ ဂေဇာမြို့၊ ယော ကမံမြို့၊ ဗက်ဟောရုန်မြို့၊ အာဇလုန်မြို့ နှင့်ဂါသရိမ္မုန်မြို့တို့ဖြစ်ကြ၏။-