၁ ရာ​ချုပ် 7:10-16 BCL

10 ယေ​ဒ​ယေ​လ​တွင်​ဗိ​လ​ဟန်​ဟူ​သော​သား တစ်​ယောက်​ရှိ​၏။ ဗိ​လ​ဟန်​တွင်​ယု​ရှ၊ င်္ဗယာ​မိန်၊ ဧ​ဟုတ်၊ ခေ​နာ​န၊ ဇေ​သန်၊ သာ​ရှိ​ရှ၊ အ​ဟိ ရှ​ဟာ​ဟူ​၍​သား​ခု​နစ်​ယောက်​ရှိ​၏။-

11 သူ​တို့​အား​လုံး​သည်​မိ​မိ​တို့​သား​ချင်း​စု ထဲ​မှ​အိမ်​ထောင်​ဦး​စီး​များ၊ ထင်​ပေါ်​ကျော် စော​သော​စစ်​သူ​ရဲ​များ​ဖြစ်​ကြ​၏။ သူ​တို့ ၏​သား​မြေး​များ​တွင်​စစ်​မှု​ထမ်း​ရန်​အ​ရည် အ​ချင်း​ပြည့်​သူ​လူ​ပေါင်း​တစ်​သောင်း​ခုနစ် ထောင့်​နှစ်​ရာ​ယောက်​ရှိ​သည်။-

12 ရှု​ပိမ်​နှင့်​ဟု​ပိမ်​တို့​သည်​လည်း​ဤ​အ​နွယ်​စု တွင်​ပါ​ဝင်​ကြ​သ​တည်း။ဒန်​တွင်​ဟု​ရှိမ်​ဟူ​သော​သား​တစ်​ယောက်​ရှိ​၏။

13 န​ဿ​လိ​တွင်​ယာ​ဇေ​လ၊ ဂု​နိ၊ ယေ​ဇ၊ ရှလ္လုံ ဟူ​၍​သား​လေး​ယောက်​ရှိ​၏။ (သူ​တို့​သည် ဗိ​လ​ဟာ​၏​သား​မြေး​များ​ဖြစ်​သ​တည်း။)

14 မ​နာ​ရှေ​သည်​အာ​ရ​မိ​အ​မျိုး​သ​မီး​မ​ယား ငယ်​နှင့်​ရ​သော​သား​နှစ်​ယောက်​မှာ အာ​သ​ရေ​လ နှင့်​မာ​ခိ​ရ​ဖြစ်​၏။ မာ​ခိ​ရ​၏​သား​သည်​ဂိ​လဒ် ဖြစ်​၏။-

15 မာ​ခိ​ရ​သည်​ဟု​ပိမ်​နှင့်​ရှုပိမ်​တို့​အ​တွက်​အိမ် ထောင်​ဖက်​များ​ကို​ရှာ​၍​ပေး​၏။ သူ့​နှ​မ ၏​နာ​မည်​မှာ​မာ​ခါ​ဖြစ်​၏။ မာ​ခိ​ရ​၏​ဒု​တိ​ယ သား​မှာ​ဇ​လော​ဖတ်​ဖြစ်​၍​ထို​သူ​၌​သ​မီး များ​သာ​လျှင်​ရှိ​လေ​သည်။

16 မာ​ခိ​ရ​၏​ဇ​နီး​မာ​ခါ​သည်​သား​နှစ်​ယောက် ကို​ဖွား​မြင်​လေ​သည်။ သူ​တို့​အား​ပေ​ရက်​နှင့် ရှေ​ရက်​ဟု​နာ​မည်​မှည့်​၏။ ပေ​ရက်​တွင်​ဥ​လံ နှင့်​ရေ​ကင်​ဟူ​သော​သား​နှစ်​ယောက်​ရှိ​၏။-