၃ ရာ 15:25-32 BCL

25 ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​ဒု​တိ​ယ​နှစ်​၌ ယေ​ရော ဗောင်​မင်း​၏​သား​တော်​နာ​ဒဒ်​သည် ဣ​သ​ရေ​လ ပြည်​တွင်​နန်း​တက်​၍​နှစ်​နှစ်​မျှ​နန်း​စံ​တော်​မူ​၏။-

26 သူ​သည်​မိ​မိ​၏​ခ​မည်း​တော်​ကဲ့​သို့​ပင်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​၍ ဣ​သ​ရေ​လ​ပြည်​သူ​တို့ အား​အ​ပြစ်​ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ပေး​လေ သည်။

27-28 နာ​ဒဒ်​နှင့်​သူ​၏​စစ်​သည်​တော်​တို့​သည်​ဖိ​လိတ္တိ​ပြည် ဂိ​ဗေ​သုန်​မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​စဉ် ယု​ဒ​ဘု​ရင် အာ​သ​နန်း​စံ​သုံး​နှစ်​တွင် ဣ​သ​ခါ​သား​ချင်း​စု ဝင်​အ​ဟိ​ယ​၏​သား​ဗာ​ရှာ​သည် နာ​ဒဒ်​ကို​လျှို့​ဝှက် ကြံ​စည်​ကာ​လုပ်​ကြံ​လိုက်​လေ​သည်။ သို့​ဖြစ်​၍ ဗာ​ရှာ​သည်​နာ​ဒဒ်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ ၍​နန်း​တက်​လေ​သည်။-

29 ထို့​နောက်​ချက်​ချင်း​ပင်​ဗာ​ရှာ​သည်​ယေ​ရော​ဗောင် ၏​အိမ်​ထောင်​စု​သား​အ​ပေါင်း​ကို​သတ်​လေ​သည်။ ရှိ​လော​မြို့​နေ​ပ​ရော​ဖက်​အ​ဟိ​ယ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း ယေ​ရော​ဗောင်​၏​အိမ်​ထောင်​စု​အ​ပေါင်း​တို့​သည် တစ်​ယောက်​မ​ကျန်​အ​သတ်​ခံ​ရ​ကြ​သ​တည်း။-

30 ယင်း​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​ယေ​ရော​ဗောင်​သည် မိ​မိ​ကိုယ်​တိုင်​ကူး​ခဲ့​သည့်​အ​ပြစ်​များ​အား​ဖြင့် လည်း​ကောင်း၊ ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​ကူး စေ​ခဲ့​သည့်​အ​ပြစ်​များ​အား​ဖြင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး သော​ကြောင့်​ဖြစ်​၏။

31 နာ​ဒဒ်​ဆောင်​ရွက်​ခဲ့​သော အ​ခြား​အ​မှု​အ​ရာ အ​လုံး​စုံ​ကို​ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။-

32 ယု​ဒ​ဘု​ရင်​အာ​သ​နှင့်​ဣ​သ​ရေ​လ​ဘု​ရင် ဗာ​ရှာ​တို့​သည် မိ​မိ​တို့​နန်း​သက်​တစ်​လျှောက် လုံး​စစ်​ဖြစ်​ကြ​လေ​သည်။