6 လယ်ပြင်၌ကား၊ ညှဉ်းဆဲသောသူ၏စပါးကို ရိတ်၍၊ သူ၏စပျစ်သီးကို သိမ်းရကြ၏။
7 ချမ်းသောကာလ၌ ကိုယ်ကိုဖုံးလွှမ်းစရာ အဝတ်မရှိ။ အချည်းစည်းအိပ်ရကြ၏။
8 တည်းခိုစရာတဲမရှိသောကြောင့်၊ တောင်ပေါ်၌ မိုဃ်းရေစိုစွတ်လျက် ကျောက်ကြားမှာ ခိုရကြ၏။
9 အဘမရှိသောသူငယ်သည် အမိနို့နှင့်ကွာရ၏။ ဆင်းရဲသားသည် မိမိဥစ္စာကို ပေါင်ထားရ၏။
10 အဝတ်မရှိအချည်းစည်းလှည့်လည်၍မွတ်သိပ်လျက်၊ သူတပါး ကောက်လှိုင်းကို ထမ်းရ၏။
11 သူတပါးအိမ်မှာ ဆီကိုကြိတ်လျက်၊ စပျစ်သီးကိုနင်းနယ်လျက် အငတ်ခံရ၏။
12 လူတို့သည်မြို့ထဲမှာ ညည်းတွားကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ သို့သော်လည်း သူတို့ဆုတောင်းသောစကားကို ဘုရားသခင်သည် ပမာဏပြုတော်မမူ။