ယောဘဝတ္တု။ 36:19-25 BJB

19 သင်၏ဥစ္စာကို ပမာဏပြုတော်မူမည်လော။ ရွှေကို၎င်း၊ များစွာသော စည်းစိမ်ကို၎င်း ပေးချင်သော်လည်း၊ ပမာဏပြုတော်မမူ။

20 ညဉ့်ကိုမတောင့်တနှင့်။ ညဉ့်အခါလူတို့သည် ပယ်ရှင်းခြင်းကို ခံရတတ်ကြ၏။

21 သတိပြုပါ။ မတရားသောအမှုကို မငဲ့ကွက်နှင့်။ ထိုသို့သော အမှုကိုဆင်းရဲခြင်းထက် သင်သည် အလိုရှိလေပြီတကား။

22 ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် ချီးမြှောက်ခြင်းရှိတော်မူ၏။ ဘုရားသခင်ကဲ့သို့ အဘယ်သူအုပ်ချုပ်နိုင်သနည်း။

23 ကြွတော်မူရသောလမ်းကို အဘယ်သူစီရင်သနည်း။ ကိုယ်တော်သည် မတရားသောအမှုကို ပြုမိပြီဟု အဘယ်သူဆိုရာသနည်း။

24 လူတို့သည် ချီးမွမ်းအပ်သောအမှုတော်ကို ချီးမြှောက်ခြင်းငှါ သတိပြုလော့။

25 လူခပ်သိမ်းတို့သည် အမှုတော်ကို မြင်ကြ၏။ အဝေးက ကြည့်ရှုတတ်ကြ၏။