ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1:1-6 MSB

1 ယေ​ရှု​ခ​ရစ်​တော်​၏​တ​မန်​တော်​ငါ​ပေ​တ​ရု​သည် ပုန္တု​ပြည်၊ ဂ​လာ​တိ​ပြည်၊ ကပ္ပ​ဒေါ​ကိ​ပြည်၊ အာ​ရှ​ပြည်​နှင့် ဗိ​သု​နိ​ပြည်​အ​ရပ်​ရပ်​တို့​၌ ကွဲ​လွင့်​ပျံ့​နှံ့​နေ​သည့်​အာ​ဂန္တု​များ​တည်း​ဟူ​သော

2 ယေ​ရှု​ခ​ရစ်​တော်​ကို​နာ​ခံ​ရန်​နှင့် ကိုယ်​တော်​၏​သွေး​တော်​ပက်​ဖျန်း​ခြင်း​ခံ​ရ​ရန်​အ​တွက် ဝိ​ညာဉ်​တော်​အား​ဖြင့်​သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​၍ ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​ကြို​တင်​သိ​မြင်​သော​ဉာဏ်​တော်​အ​တိုင်း ရွေး​ကောက်​ခံ​ရ​သော​သူ​တို့​ထံ​သို့ စာ​ရေး​လိုက်​ပါ​၏။ ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​တို့​၌​တိုး​ပွား​ပါ​စေ​သော။

3 ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ခ​မည်း​တော်​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ကိုယ်​တော်​သည် မိ​မိ​၏​ကြီး​မြတ်​သော​က​ရု​ဏာ​တော်​နှင့်​အ​ညီ ယေ​ရှု​ခ​ရစ်​တော်​၏​သေ​သော​သူ​တို့​ထဲ​မှ ရှင်​ပြန်​ထ​မြောက်​ခြင်း​အား​ဖြင့် ငါ​တို့​ကို အ​သက်​ရှင်​သော​မျှော်​လင့်​ခြင်း​ထဲ​သို့​လည်း​ကောင်း၊

4 သင်​တို့​အ​တွက် ကောင်း​ကင်​ဘုံ​၌​ထိန်း​သိမ်း​ထား​သည့် ယို​ယွင်း​ပျက်​စီး​ခြင်း၊ ညစ်​ညူး​ခြင်း​နှင့် မှေး​မှိန်​ခြင်း​တို့​မ​ရှိ​သော အ​မွေ​တော်​ထဲ​သို့​လည်း​ကောင်း အ​သစ်​တစ်​ဖန်​မွေး​ဖွား​စေ​တော်​မူ​၏။

5 သင်​တို့​သည် နောက်​ဆုံး​သော​ကာ​လ​၌​ဖော်​ပြ​ရန် အ​သင့်​ပြင်​ဆင်​ထား​သော​ကယ်​တင်​ခြင်း​အ​တွက် ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​၌ ယုံ​ကြည်​ခြင်း​အား​ဖြင့် စောင့်​ရှောက်​ခြင်း​ကို​ခံ​ရ​ကြ​၏။

6 သင်​တို့​သည် ယ​ခု​အ​ချိန်​တွင် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​မျိုး​မျိုး​ကြောင့် ခေတ္တ​ခ​ဏ​ဝမ်း​နည်း​ရ​လျှင်​လည်း အ​ထက်​၌​ဆို​ခဲ့​ပြီး​သော​အ​ကြောင်း​ကြောင့် ရွှင်​မြူး​ခြင်း​ရှိ​ကြ​၏။