ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1:18-24 MSB

18 အ​ကြောင်း​မူ​ကား သင်​တို့​သည် ဘိုး​ဘေး​များ​ထံ​မှ​ဆက်​ခံ​သည့် သင်​တို့​၏​အ​ချည်း​နှီး​သော​အ​သက်​ရှင်​နေ​ထိုင်​မှု​ထဲ​မှ ရွေး​နုတ်​ကယ်​တင်​ခြင်း​ခံ​ရ​သည်​မှာ ရွှေ၊ ငွေ စ​သော​ယို​ယွင်း​ပျက်​စီး​တတ်​သည့်​အ​ရာ​များ​အား​ဖြင့်​မ​ဟုတ်​ဘဲ

19 အ​စွန်း​အ​ထင်း​ကင်း​လျက် အ​ပြစ်​အ​နာ​အ​ဆာ​မ​ရှိ​သည့် သိုး​သ​ငယ်​ကဲ့​သို့​သော ခ​ရစ်​တော်​၏​အ​ဖိုး​တန်​သော​သွေး​တော်​အား​ဖြင့်​ဖြစ်​ကြောင်း သင်​တို့​သိ​ကြ​၏။

20 ကိုယ်​တော်​သည် ကမ္ဘာ​မ​တည်​မ​ရှိ​မီ​က​ပင် သိ​မှတ်​ခွဲ​ခန့်​ထား​ခြင်း​ခံ​ရ​သော်​လည်း ဤ​နောက်​ဆုံး​သော​အ​ချိန်​ကာ​လ​၌ သင်​တို့​အ​တွက်​ပေါ်​ထွန်း​တော်​မူ​၏။

21 ကိုယ်​တော်​အား သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​စေ​၍ ဘုန်း​အ​သ​ရေ​ပေး​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို ကိုယ်​တော်​အား​ဖြင့် သင်​တို့​ယုံ​ကြည်​ကြ​၏။ သို့​ဖြစ်​၍ သင်​တို့​၏​ယုံ​ကြည်​ခြင်း​နှင့်​မျှော်​လင့်​ခြင်း​တို့​သည် ဘု​ရား​သ​ခင်​ထဲ​၌​တည်​ရှိ​ကြ​၏။

22 သင်​တို့​သည် သမ္မာ​တ​ရား​ကို​နာ​ခံ​ခြင်း​အား​ဖြင့် သင်​တို့​၏​စိတ်​ဝိ​ညာဉ်​များ​ကို သန့်​ရှင်း​စင်​ကြယ်​စေ​ပြီး ဟန်​ဆောင်​မှု​ကင်း​သည့် ညီ​အစ်​ကို​ချင်း​ချစ်​သော​မေတ္တာ​ကို​ရ​ရှိ​ကြ​သည်​ဖြစ်​၍ ဖြူ​စင်​သော​စိတ်​နှ​လုံး​ဖြင့် အ​ချင်း​ချင်း​ခိုင်​မြဲ​စွာ​ချစ်​ကြ​လော့။

23 သင်​တို့​သည် ယို​ယွင်း​ပျက်​စီး​တတ်​သော​မျိုး​စေ့​အား​ဖြင့်​မ​ဟုတ်​ဘဲ ယို​ယွင်း​ပျက်​စီး​ခြင်း​နှင့်​ကင်း​သည့်​မျိုး​စေ့​တည်း​ဟူ​သော အ​သက်​ရှင်​၍ အ​စဉ်​တည်​မြဲ​သည့် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​အား​ဖြင့် အ​သစ်​တစ်​ဖန်​မွေး​ဖွား​စေ​ခြင်း​ကို​ခံ​ရ​ကြ​ပြီ။

24 အ​ဘယ်​ကြောင့်​ဆို​သော် လူ​အ​ပေါင်း​တို့​သည် မြက်​ပင်​ကဲ့​သို့​ဖြစ်​၍ သူ​တို့​၏​ဘုန်း​အ​သ​ရေ​ရှိ​သ​မျှ​သည်​လည်း မြက်​ပွင့်​ကဲ့​သို့​ဖြစ်​၏။ မြက်​ပင်​သည် ညှိုး​နွမ်း​ခြောက်​သွေ့​သွား​၍ အ​ပွင့်​သည်​လည်း ကြွေ​တတ်​၏။