ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1:22-25 MSB

22 သင်​တို့​သည် သမ္မာ​တ​ရား​ကို​နာ​ခံ​ခြင်း​အား​ဖြင့် သင်​တို့​၏​စိတ်​ဝိ​ညာဉ်​များ​ကို သန့်​ရှင်း​စင်​ကြယ်​စေ​ပြီး ဟန်​ဆောင်​မှု​ကင်း​သည့် ညီ​အစ်​ကို​ချင်း​ချစ်​သော​မေတ္တာ​ကို​ရ​ရှိ​ကြ​သည်​ဖြစ်​၍ ဖြူ​စင်​သော​စိတ်​နှ​လုံး​ဖြင့် အ​ချင်း​ချင်း​ခိုင်​မြဲ​စွာ​ချစ်​ကြ​လော့။

23 သင်​တို့​သည် ယို​ယွင်း​ပျက်​စီး​တတ်​သော​မျိုး​စေ့​အား​ဖြင့်​မ​ဟုတ်​ဘဲ ယို​ယွင်း​ပျက်​စီး​ခြင်း​နှင့်​ကင်း​သည့်​မျိုး​စေ့​တည်း​ဟူ​သော အ​သက်​ရှင်​၍ အ​စဉ်​တည်​မြဲ​သည့် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​အား​ဖြင့် အ​သစ်​တစ်​ဖန်​မွေး​ဖွား​စေ​ခြင်း​ကို​ခံ​ရ​ကြ​ပြီ။

24 အ​ဘယ်​ကြောင့်​ဆို​သော် လူ​အ​ပေါင်း​တို့​သည် မြက်​ပင်​ကဲ့​သို့​ဖြစ်​၍ သူ​တို့​၏​ဘုန်း​အ​သ​ရေ​ရှိ​သ​မျှ​သည်​လည်း မြက်​ပွင့်​ကဲ့​သို့​ဖြစ်​၏။ မြက်​ပင်​သည် ညှိုး​နွမ်း​ခြောက်​သွေ့​သွား​၍ အ​ပွင့်​သည်​လည်း ကြွေ​တတ်​၏။

25 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​မူ​ကား ကာ​လ​အ​စဉ်​အ​ဆက်​တည်​၏။ ဤ​နှုတ်​က​ပတ်​တော်​သည် သင်​တို့​အား​ဟော​ပြော​သည့် ကောင်း​မြတ်​သော​သ​တင်း​ပင်​ဖြစ်​၏။