ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1:3-9 MSB

3 ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ခ​မည်း​တော်​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ကိုယ်​တော်​သည် မိ​မိ​၏​ကြီး​မြတ်​သော​က​ရု​ဏာ​တော်​နှင့်​အ​ညီ ယေ​ရှု​ခ​ရစ်​တော်​၏​သေ​သော​သူ​တို့​ထဲ​မှ ရှင်​ပြန်​ထ​မြောက်​ခြင်း​အား​ဖြင့် ငါ​တို့​ကို အ​သက်​ရှင်​သော​မျှော်​လင့်​ခြင်း​ထဲ​သို့​လည်း​ကောင်း၊

4 သင်​တို့​အ​တွက် ကောင်း​ကင်​ဘုံ​၌​ထိန်း​သိမ်း​ထား​သည့် ယို​ယွင်း​ပျက်​စီး​ခြင်း၊ ညစ်​ညူး​ခြင်း​နှင့် မှေး​မှိန်​ခြင်း​တို့​မ​ရှိ​သော အ​မွေ​တော်​ထဲ​သို့​လည်း​ကောင်း အ​သစ်​တစ်​ဖန်​မွေး​ဖွား​စေ​တော်​မူ​၏။

5 သင်​တို့​သည် နောက်​ဆုံး​သော​ကာ​လ​၌​ဖော်​ပြ​ရန် အ​သင့်​ပြင်​ဆင်​ထား​သော​ကယ်​တင်​ခြင်း​အ​တွက် ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​၌ ယုံ​ကြည်​ခြင်း​အား​ဖြင့် စောင့်​ရှောက်​ခြင်း​ကို​ခံ​ရ​ကြ​၏။

6 သင်​တို့​သည် ယ​ခု​အ​ချိန်​တွင် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​မျိုး​မျိုး​ကြောင့် ခေတ္တ​ခ​ဏ​ဝမ်း​နည်း​ရ​လျှင်​လည်း အ​ထက်​၌​ဆို​ခဲ့​ပြီး​သော​အ​ကြောင်း​ကြောင့် ရွှင်​မြူး​ခြင်း​ရှိ​ကြ​၏။

7 ဤ​သည်​ကား မီး​ဖြင့်​စစ်​ဆေး​ခြင်း​ခံ​ရ​ပြီ​ဖြစ်​သော်​လည်း ပျက်​စီး​တတ်​သည့်​ရွှေ​ထက် များ​စွာ​အ​ဖိုး​တန်​သော​သင်​တို့​၏​ယုံ​ကြည်​ခြင်း​ကို စစ်​ကြော​စုံ​စမ်း​ခြင်း​သည် ယေ​ရှု​ခ​ရစ်​တော်​ပေါ်​ထွန်း​တော်​မူ​သော​အ​ချိန်​၌ ချီး​မွမ်း​ခြင်း၊ ဘုန်း​အ​သ​ရေ​နှင့် ဂုဏ်​သ​ရေ​အ​ဖြစ်​သို့ ရောက်​မည့်​အ​ကြောင်း​တည်း။

8 သင်​တို့​သည် ထို​သ​ခင်​ကို မ​မြင်​ဖူး​သော်​လည်း ချစ်​ကြ​၏။ ထို​သ​ခင်​ကို ယ​ခု​မ​မြင်​သော်​လည်း ယုံ​ကြည်​ကြ​ပြီး ပြော​၍​မ​မီ​နိုင်​သော​ဝမ်း​မြောက်​ခြင်း​ဖြင့် ရွှင်​မြူး​လျက် ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​၏။

9 ဤ​သည်​ကား သင်​တို့​၏​ယုံ​ကြည်​ခြင်း​အ​ကျိုး​ရ​လဒ်​တည်း​ဟူ​သော စိတ်​ဝိ​ညာဉ်​ကယ်​တင်​ခြင်း​ကို ရ​ရှိ​ကြ​သော​ကြောင့်​ဖြစ်​၏။