ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2:11-17 MSB

11 ချစ်​ရ​သော​သူ​တို့၊ သင်​တို့​သည် ဧည့်​သည်​အာ​ဂန္တု​များ​ဖြစ်​ကြ​သ​ဖြင့် စိတ်​ဝိ​ညာဉ်​ကို​ဆန့်​ကျင်​တိုက်​ခိုက်​သော ကိုယ်​ကာ​ယ​တပ်​မက်​ခြင်း​များ​ကို ရှောင်​ကြဉ်​ကြ​ရန် ငါ​တိုက်​တွန်း​နှိုး​ဆော်​ပါ​၏။

12 လူ​မျိုး​ခြား​တို့​အ​လယ်​တွင် ကောင်း​စွာ​အ​သက်​ရှင်​နေ​ထိုင်​ကြ​လော့။ သို့​ပြု​လျှင် သူ​တို့​သည် သင်​တို့​ကို ဒု​စ​ရိုက်​ပြု​သူ​များ​အ​ဖြစ် ပုတ်​ခတ်​ပြော​ဆို​ကြ​သော်​လည်း သင်​တို့​၏​ကောင်း​သော​အ​မှု​တို့​ကို​မြင်​၍ အ​ကြည့်​အ​ရှု​ကြွ​လာ​တော်​မူ​သော​နေ့​ရက်​၌ ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​လိမ့်​မည်။

13 လူ​တို့​စီ​ရင်​ခန့်​ထား​သော​အုပ်​ချုပ်​မှု​စ​နစ်​အား​လုံး​ကို သ​ခင်​ဘု​ရား​၏​မျက်​နှာ​တော်​ကို​ထောက်​၍ နာ​ခံ​ကြ​လော့။ အ​ထွတ်​အ​မြတ်​ဖြစ်​သော​ရှင်​ဘု​ရင်​ကို​ဖြစ်​စေ၊

14 ဒု​စ​ရိုက်​ပြု​သူ​များ​ကို ပြစ်​ဒဏ်​ပေး​၍ လူ​ကောင်း​တို့​ကို ဂုဏ်​ပြု​ချီး​မွမ်း​ရန် ရှင်​ဘု​ရင်​စေ​လွှတ်​သော​ဘု​ရင်​ခံ​များ​ကို​ဖြစ်​စေ နာ​ခံ​ကြ​လော့။

15 အ​ဘယ်​ကြောင့်​ဆို​သော် ကောင်း​သော​အ​မှု​ကို​ပြု​ခြင်း​အား​ဖြင့် မိုက်​မဲ​သော​သူ​တို့​၏​အ​သိ​ဉာဏ်​ကင်း​မဲ့​မှု​ကို တိတ်​ဆိတ်​စေ​ခြင်း​သည် ဘု​ရား​သ​ခင်​၏​အ​လို​တော်​ဖြစ်​၏။

16 လွတ်​လပ်​သော​သူ​များ​အ​ဖြစ် အ​သက်​ရှင်​နေ​ထိုင်​ကြ​လော့။ သို့​သော် ထို​လွတ်​လပ်​ခြင်း​ကို မ​ကောင်း​မှု​ပြု​ရန် ဆင်​ခြေ​ဆင်​လက်​အ​ဖြစ် အ​သုံး​မ​ပြု​ဘဲ ဘု​ရား​သ​ခင်​၏​အ​စေ​အ​ပါး​အ​ဖြစ် အ​သုံး​ပြု​ကြ​လော့။

17 လူ​အ​ပေါင်း​တို့​ကို ရို​သေ​ကြ​လော့။ ညီ​အစ်​ကို​အ​ချင်း​ချင်း​ချစ်​ကြ​လော့။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ကြ​လော့။ ရှင်​ဘု​ရင်​ကို ရို​သေ​ကြ​လော့။