ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2:13-19 MSB

13 လူ​တို့​စီ​ရင်​ခန့်​ထား​သော​အုပ်​ချုပ်​မှု​စ​နစ်​အား​လုံး​ကို သ​ခင်​ဘု​ရား​၏​မျက်​နှာ​တော်​ကို​ထောက်​၍ နာ​ခံ​ကြ​လော့။ အ​ထွတ်​အ​မြတ်​ဖြစ်​သော​ရှင်​ဘု​ရင်​ကို​ဖြစ်​စေ၊

14 ဒု​စ​ရိုက်​ပြု​သူ​များ​ကို ပြစ်​ဒဏ်​ပေး​၍ လူ​ကောင်း​တို့​ကို ဂုဏ်​ပြု​ချီး​မွမ်း​ရန် ရှင်​ဘု​ရင်​စေ​လွှတ်​သော​ဘု​ရင်​ခံ​များ​ကို​ဖြစ်​စေ နာ​ခံ​ကြ​လော့။

15 အ​ဘယ်​ကြောင့်​ဆို​သော် ကောင်း​သော​အ​မှု​ကို​ပြု​ခြင်း​အား​ဖြင့် မိုက်​မဲ​သော​သူ​တို့​၏​အ​သိ​ဉာဏ်​ကင်း​မဲ့​မှု​ကို တိတ်​ဆိတ်​စေ​ခြင်း​သည် ဘု​ရား​သ​ခင်​၏​အ​လို​တော်​ဖြစ်​၏။

16 လွတ်​လပ်​သော​သူ​များ​အ​ဖြစ် အ​သက်​ရှင်​နေ​ထိုင်​ကြ​လော့။ သို့​သော် ထို​လွတ်​လပ်​ခြင်း​ကို မ​ကောင်း​မှု​ပြု​ရန် ဆင်​ခြေ​ဆင်​လက်​အ​ဖြစ် အ​သုံး​မ​ပြု​ဘဲ ဘု​ရား​သ​ခင်​၏​အ​စေ​အ​ပါး​အ​ဖြစ် အ​သုံး​ပြု​ကြ​လော့။

17 လူ​အ​ပေါင်း​တို့​ကို ရို​သေ​ကြ​လော့။ ညီ​အစ်​ကို​အ​ချင်း​ချင်း​ချစ်​ကြ​လော့။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ကြ​လော့။ ရှင်​ဘု​ရင်​ကို ရို​သေ​ကြ​လော့။

18 အ​စေ​ခံ​တို့၊ ကြောက်​ရွံ့​ရို​သေ​သော​စိတ်​အ​ပြည့်​အ​ဝ​ဖြင့် သင်​တို့​၏​သ​ခင်​များ​ကို​နာ​ခံ​ကြ​လော့။ စိတ်​သ​ဘော​ကောင်း​၍ ညင်​သာ​သော​သ​ခင်​များ​ကို​သာ​မ​ဟုတ်​ဘဲ ကြမ်း​တမ်း​ခက်​ထန်​သော​သ​ခင်​များ​ကို​လည်း နာ​ခံ​ကြ​လော့။

19 အ​ကြောင်း​မူ​ကား မည်​သူ​မ​ဆို မ​တ​ရား​သ​ဖြင့် ဒုက္ခ​ဝေ​ဒ​နာ​ကို​ခံ​စား​ရ​သော​အ​ခါ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​အ​သိ​စိတ်​ကို​ထောက်​၍ ဝမ်း​နည်း​ခြင်း​ကို​သည်း​ခံ​လျှင် ဂုဏ်​ယူ​ဖွယ်​ဖြစ်​၏။