ဗျာ​ဒိတ် 1:2-8 BCL

2 ယော​ဟန်​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တော်​နှင့် ယေ​ရှု​ခ​ရစ်​ဖော်​ပြ​တော်​မူ​သည့် သမ္မာ​တ​ရား​ကို မိ​မိ​တွေ့​မြင်​ကြား​သိ​ရ​သည် အ​တိုင်း​ဤ​စာ​စောင်​တွင်​ရေး​သား​ထား​ပေ သည်။-

3 ဖော်​ပြ​ပါ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​မည့် အ​ချိန်​နီး​ကပ်​လျက်​ရှိ​ပြီ​ဖြစ်​ရာ ဤ​ဗျာ​ဒိတ် ကျမ်း​ကို​ဖတ်​ရှု​သူ​များ​နှင့်​အ​ဆို​ပါ​အ​နာ ဂတ်​ကျမ်း​တွင် ရေး​သား​ပါ​ရှိ​သည့်​တ​ရား စ​ကား​များ​ကို​နာ​ယူ​ကျင့်​သုံး​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏။

4 ယော​ဟန်​ထံ​မှ​အာ​ရှ​နယ်​ပယ်​ရှိ​အ​သင်း​တော် ခု​နစ်​ပါး​သို့​စာ​ရေး​လိုက်​ပါ​သည်။ ပစ္စုပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ​အ​စဉ်​ရှိ​တော်​မူ​သော​ဘု​ရား သ​ခင်​၏​ထံ​တော်​မှ​လည်း​ကောင်း၊ ပလ္လင်​တော်​ရှေ့ ၌​ရှိ​သည့်​ဝိ​ညာဉ်​ခု​နစ်​ပါး​ထံ​မှ​လည်း​ကောင်း၊-

5 သစ္စာ​ရှိ​စွာ​သက်​သေ​ခံ​တော်​မူ​ထ​သော၊ သေ ခြင်း​မှ​ဦး​စွာ​ပ​ထ​မ​ရှင်​ပြန်​ထ​မြောက်​တော် မူ​ထ​သော၊ လော​ကီ​ဘု​ရင်​တို့​ကို​အ​စိုး​ရ တော်​မူ​ထ​သော​ယေ​ရှု​ခ​ရစ်​ထံ​တော်​မှ​လည်း ကောင်း ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို သင်​တို့​ခံ​စား​ရ​ကြ​ပါ​စေ​သ​တည်း။ငါ​တို့​ကို​ချစ်​တော်​မူ​၍​အ​သက်​တော်​ကို​စွန့် တော်​မူ​ခြင်း​အား​ဖြင့် ငါ​တို့​အား​အ​ပြစ်​၏ အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​စေ​တော်​မူ​ပြီး လျှင်၊-

6 မိ​မိ​၏​ခ​မည်း​တော်​ဘု​ရား​သခင်​၏​အ​မှု​တော် ကို​ဆောင်​ရွက်​နိုင်​စေ​ရန် ငါ​တို့​အား​ရှင်​ဘု​ရင် အ​ရာ​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ ကို​လည်း​ကောင်း​ပေး​အပ်​တော်​မူ​သော​ယေ​ရှု ခ​ရစ်​သည်​ကမ္ဘာ​အ​ဆက်​ဆက်​ဘုန်း​အ​သ​ရေ၊ တန်​ခိုး​အာ​နု​ဘော်​တော်​ရှိ​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။

7 ကြည့်​ရှု​လော့။ ကိုယ်​တော်​သည်​မိုး​တိမ်​စီး​၍​ကြွ လာ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​အား​လှံ​ဖြင့် ထိုး​ဖောက်​ခဲ့​သူ​များ​ပါ​မ​ကျန် လူ​အ​ပေါင်း တို့​သည်​ကိုယ်​တော်​ကို​ဖူး​မြင်​ကြ​ရ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​ရှိ​သ​မျှ​တို့​သည်​ဝမ်း နည်း​ကြေ​ကွဲ​ကြ​လိမ့်​မည်။ ထို​အ​တိုင်း ဖြစ်​ပါ​စေ​သော။

8 ပစ္စုပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ​အ​စဉ်​ရှိ​နေ တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​က``ငါ​သည်​အ​စ​နှင့်​အ​ဆုံး ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။