ဗျာ​ဒိတ် 12:14-18 BCL

14 အ​မျိုး​သ​မီး​သည်​တော​ကန္တာ​ရ​ရှိ​မိ​မိ​အရပ် သို့​ပျံ​သန်း​သွား​နိုင်​ရန် လင်း​ယုန်​ကြီး​၏​အ​တောင် နှစ်​ခု​ကို​ရ​ရှိ​ထား​သည်။ သူ​သည်​ထို​အ​ရပ်​တွင် သုံး​နှစ်​ခွဲ​တိုင်​တိုင် န​ဂါး​၏​ဘေး​မှ​ကင်း​လွတ် လုံ​ခြုံ​လျက်​ပြု​စု​စောင့်​ရှောက်​ခြင်း​ကို​ခံ​ရ မည်​ဖြစ်​၏။-

15 နဂါး​သည်​အ​မျိုး​သ​မီး​အား​ရေ​အ​ဟုန်​တွင် မျော​ပါ​သွား​စေ​ရန် မိ​မိ​၏​ခံ​တွင်း​မှ​ရေ​ကို မြစ်​သ​ဖွယ်​မှုတ်​ထုတ်​လိုက်​၏။-

16 သို့​ရာ​တွင်​မြေ​ကြီး​သည်​မိ​မိ​၏​ခံ​တွင်း​ကို ဖွင့်​၍ န​ဂါး​မှုတ်​ထုတ်​လိုက်​သော​မြစ်​ရေ​ကို မျို​ချ​ကာ​အ​မျိုး​သ​မီး​အား​ကယ်​ဆယ် လိုက်​သည်။-

17 ထို​အ​ခါ​န​ဂါး​သည်​အ​မျက်​ထွက်​သ​ဖြင့် အ​မျိုး​သ​မီး​၏​ကျန်​ကြွင်း​နေ​သေး​သော သား​မြေး​များ​တည်း​ဟူ​သော ဘု​ရား​သ​ခင် ၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ရှောက်​၍​သ​ခင် ယေ​ရှု​ဖော်​ပြ​တော်​မူ​သော သမ္မာ​တ​ရား​တော် ကို​သစ္စာ​ရှိ​စွာ​ထိန်း​သိမ်း​သူ​များ​အား​တိုက် ခိုက်​ရန်​ထွက်​ခွာ​သွား​၏။-

18 နဂါး​သည်​ပင်​လယ်​ကမ်း​ခြေ​တွင်​ရပ်​လျက်​နေ​၏။