ဗျာ​ဒိတ် 17:15-18 BCL

15 ထို​နောက်​ကောင်း​ကင်​တ​မန်​က​ငါ့​အား``ပြည့် တန်​ဆာ​မ​ထိုင်​လျက်​နေ​သည့်​ရေ​သည်​တိုင်း​နိုင်​ငံ များ​ရှိ​ဘာ​သာ​စကား​အ​မျိုး​မျိုး​ကို​ပြော​သော လူ​မျိုး​များ၊ ပြည်​သူ​ပြည်​သား​များ​ဖြစ်​၏။-

16 သင်​မြင်​ရ​သော​သား​ရဲ​နှင့်​ဦး​ချို​ဆယ်​ချောင်း တို့​သည် ပြည့်​တန်​ဆာ​မ​ကို​မုန်း​ကြ​လိမ့်​မည်။ သူ​တို့​သည်​ပြည့်​တန်​ဆာ​မ​ထံ​မှ​ရှိ​သ​မျှ ကို​ချွတ်​ယူ​လျက်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ် စေ​ကြ​လိမ့်​မည်။ သူ​၏​အ​သား​ကို​စား​၍​သူ့ ကို​မီး​ရှို့​ကြ​လိမ့်​မည်။-

17 သူ​တို့​သည်​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော စ​ကား​များ​အ​ကောင်​အ​ထည်​ပေါ်​လာ​သည့် တိုင်​အောင် မိ​မိ​တို့​၏​အာ​ဏာ​ကို​သား​ရဲ​အား တ​ညီ​တ​ညွတ်​တည်း​လွှဲ​အပ်​လိုက်​ကြ​စေ​ရန် ကိုယ်​တော်​သည်​သူ​တို့​၏​စိတ်​ကို​ပြု​ပြင်​တော် မူ​လျက် သူ​တို့​အား​မိ​မိ​၏​အ​ကြံ​အ​စည် တော်​နှင့်​အ​ညီ​လိုက်​နာ​ဆောင်​ရွက်​စေ​တော် မူ​၏။

18 သင်​မြင်​ရ​သည့်​အ​မျိုး​သ​မီး​ကား​ကမ္ဘာ​ပေါ် ရှိ​ရှင်​ဘု​ရင်​တို့​ကို​အုပ်​စိုး​သည့်​မြို့​ကြီး​ဖြစ် သ​တည်း'' ဟု​ဆို​၏။