ဗျာ​ဒိတ် 2:17-23 BCL

17 ``အ​သင်း​တော်​တို့​အား​ဝိ​ညာဉ်​တော်​မိန့်​တော်​မူ သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား​ရှိ သူ​တို့​ကြား​ပါ​စေ။အောင်​မြင်​သော​သူ​အား​ဝှက်​ထား​သော​မန္န​မုန့် ကို​ငါ​ပေး​မည်။ ကျောက်​စ​ရစ်​ဖြူ​ကို​လည်း ငါ​ပေး​မည်။ ထို​ကျောက်​ဖြူ​ပေါ်​တွင်​အက္ခ​ရာ တင်​ထား​သည့်​နာ​မည်​သစ်​ကို​အ​ဘယ်​သူ မျှ​မ​သိ​နိုင်​ရာ။ ထို​ကျောက်​ကို​ခံ​ယူ​ရ​ရှိ သူ​သာ​လျှင်​သိ​ရှိ​နိုင်​ပေ​သည်။

18 သွာ​တိ​ရ​မြို့​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။``ဤ​သြ​ဝါ​ဒ​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ထံ​မှ​ဖြစ်​၏။ ထို​အ​ရှင်​၏​မျက်​စိ​တော်​များ​သည် မီး​လျှံ​သ​ဖွယ်​တောက်​ပ​လျက်၊ ခြေ​တော်​များ သည်​တောက်​ပြောင်​သော​ကြေး​ဝါ​ကဲ့​သို့​ဖြစ်​၏။-

19 ငါ​သည်​သင်​ပြု​သော​အ​မှု​ကို​သိ​၏။ သင်​မေတ္တာ ထား​ပုံ​နှင့်​သစ္စာ​စောင့်​ပုံ​တို့​ကို​လည်း​ကောင်း၊ အ​မှု​တော်​ဆောင်​ပုံ​နှင့်​တည်​ကြည်​ပုံ​ကို လည်း​ကောင်း​ငါ​သိ​၏။ ထို့​ပြင်​နောက်​ပိုင်း အ​ချိန်​သင်​ပြု​သည့်​အ​မှု​များ​သည် စော စော​ပိုင်း​အ​ချိန်​ပြု​သည့်​အ​မှု​များ​ထက် သာ​လွန်​ကောင်း​မွန်​ပေ​သည်။-

20 သို့​ရာ​တွင်​သင့်​အား​အ​ပြစ်​ဆို​စ​ရာ​ရှိ​သည် မှာ ယေ​ဇ​ဗေ​လ​ဆို​သူ​အ​မျိုး​သ​မီး​ကို​သင် လက်​ခံ​လျက်​နေ​ခြင်း​ပင်​ဖြစ်​၏။ သူ​သည်​မိ​မိ ကိုယ်​ကို​ဘု​ရား​သ​ခင်​၏​စေ​တ​မန်​ဟု​ဆို​ကာ ငါ​၏​တ​ပည့်​တို့​အား ကာ​မ​ဂုဏ်​လိုက်​စား​စေ ရန်​နှင့်​ရုပ်​တု​တို့​အား​ပူ​ဇော်​သည့်​အ​စား အ​စာ​များ​ကို​စား​စေ​ရန် သွန်​သင်​ခြင်း​အား ဖြင့်​မှောက်​မှား​လမ်း​လွဲ​စေ​လေ​သည်။-

21 နောင်​တ​ရ​ရန်​သူ့​အား​ငါ​အ​ချိန်​ပေး​ခဲ့​၏။ သို့​ရာ​တွင်​သူ​သည်​မိ​မိ​အ​ကျင့်​ပျက်​မှု အ​တွက်​နောင်​တ​ရ​လို​စိတ်​မ​ရှိ။-

22 သို့​ဖြစ်​၍​ငါ​သည်​သူ့​အား​အိပ်​ရာ​ပေါ်​တွင်​လဲ ကျ​စေ​၍ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စေ​မည်။ သူ​နှင့်​ကာ​မ ရာ​ဂ​စပ်​ယှက်​သူ​တို့​အား​လည်း​ပြင်း​ထန်​စွာ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စေ​မည်။ သူ​တို့​သည်​ထို​အ​မျိုး သ​မီး​နှင့်​ပြု​သည့်​ဆိုး​ညစ်​မှု​များ​အ​တွက် နောင်​တ​မ​ရ​ကြ​ပါ​မူ ငါ​သည်​ယ​ခု​ပင်​သူ တို့​အား​ဒုက္ခ​ဝေ​ဒ​နာ​ခံ​စေ​မည်။-

23 သူ​၏​နောက်​လိုက်​တို့​သည်​အ​သတ်​ခံ​ကြ​ရ လိမ့်​မည်။ ထို​အ​ခါ​၌​ငါ​သည်​လူ​တို့​၏​စိတ် နှ​လုံး​နှင့်​အ​ကြံ​အ​စည်​တို့​ကို​သိ​မြင် တော်​မူ​သော​အ​ရှင်​ဖြစ်​ကြောင်း အ​သင်း​တော် အ​ပေါင်း​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ သင်​တို့ အ​သီး​သီး​၏​အ​ကျင့်​အ​လျောက်​အ​ကျိုး အ​ပြစ်​ကို​ငါ​ပေး​မည်။