ဗျာ​ဒိတ် 2:21-29 BCL

21 နောင်​တ​ရ​ရန်​သူ့​အား​ငါ​အ​ချိန်​ပေး​ခဲ့​၏။ သို့​ရာ​တွင်​သူ​သည်​မိ​မိ​အ​ကျင့်​ပျက်​မှု အ​တွက်​နောင်​တ​ရ​လို​စိတ်​မ​ရှိ။-

22 သို့​ဖြစ်​၍​ငါ​သည်​သူ့​အား​အိပ်​ရာ​ပေါ်​တွင်​လဲ ကျ​စေ​၍ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စေ​မည်။ သူ​နှင့်​ကာ​မ ရာ​ဂ​စပ်​ယှက်​သူ​တို့​အား​လည်း​ပြင်း​ထန်​စွာ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စေ​မည်။ သူ​တို့​သည်​ထို​အ​မျိုး သ​မီး​နှင့်​ပြု​သည့်​ဆိုး​ညစ်​မှု​များ​အ​တွက် နောင်​တ​မ​ရ​ကြ​ပါ​မူ ငါ​သည်​ယ​ခု​ပင်​သူ တို့​အား​ဒုက္ခ​ဝေ​ဒ​နာ​ခံ​စေ​မည်။-

23 သူ​၏​နောက်​လိုက်​တို့​သည်​အ​သတ်​ခံ​ကြ​ရ လိမ့်​မည်။ ထို​အ​ခါ​၌​ငါ​သည်​လူ​တို့​၏​စိတ် နှ​လုံး​နှင့်​အ​ကြံ​အ​စည်​တို့​ကို​သိ​မြင် တော်​မူ​သော​အ​ရှင်​ဖြစ်​ကြောင်း အ​သင်း​တော် အ​ပေါင်း​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ သင်​တို့ အ​သီး​သီး​၏​အ​ကျင့်​အ​လျောက်​အ​ကျိုး အ​ပြစ်​ကို​ငါ​ပေး​မည်။

24 ထို​သူ​တို့​မှ​လွဲ​၍ အ​ခြား​သွာ​တိ​ရ​မြို့​အ​သင်း တော်​ဝင်​တို့​သည်​ဤ​ဆိုး​ညစ်​သည့်​အ​ယူ​ဝါ​ဒ ကို​မ​လိုက်​နာ​ကြ။ စာ​တန်​၏​နက်​နဲ​သည့်​လျှို့​ဝှက် ချက်​များ​ဟု​သူ​တစ်​ပါး​တို့​ခေါ်​ဝေါ်​ကြ​သည့် အ​ရာ​များ​ကို​လည်း​မ​ခံ​မ​ယူ​ကြ။ သင်​တို့ အ​ပေါ်​သို့​အ​ခြား​ဝန်​ထုပ်​ကို​ငါ​မ​တင်။-

25 သင်​တို့​သည်​မိ​မိ​တို့​၏​လက်​ဝယ်​ရှိ​သည့် အ​ရာ​ကို​ငါ​လာ​သည်​တိုင်​အောင်​စွဲ​မြဲ စွာ​ကိုင်​ထား​ကြ​လော့။-

26-28 အောင်​မြင်​၍​ငါ​လို​လား​သည့်​အ​ကျင့်​ကို အ​ဆုံး​တိုင်​အောင် ကျင့်​သော​သူ​တို့​အား ခ​မည်း​တော်​ထံ​မှ​ငါ​ရ​ရှိ​သည့်​အ​ခွင့် အာ​ဏာ​ကို​ငါ​ပေး​မည်။ ယင်း​အ​ခွင့်​အာ​ဏာ မှာ​လူ​မျိုး​တ​ကာ​တို့​ကို​သံ​လှံ​တံ​ဖြင့် အုပ်​စိုး​၍ မြေ​အိုး​များ​ကို​သံ​တုတ်​ဖြင့် အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ရိုက်​ခွဲ​သ​ကဲ့​သို့ သူ​တို့​အား​ချေ​မှုန်း​ပိုင်​ခွင့်​ဖြစ်​သည်။ မိုး သောက်​ကြယ်​ကို​လည်း​သူ​တို့​အား​ငါ ပေး​မည်။

29 အ​သင်း​တော်​တို့​အား​ဝိ​ညာဉ်​တော်​မိန့်​တော် မူ​သော​စ​ကား​များ​ကို​ကြား​တတ်​သော နား​ရှိ​သူ​တို့​ကြား​ပါ​စေ။