22 သို့ဖြစ်၍ငါသည်သူ့အားအိပ်ရာပေါ်တွင်လဲ ကျစေ၍ ဒုက္ခဝေဒနာခံစေမည်။ သူနှင့်ကာမ ရာဂစပ်ယှက်သူတို့အားလည်းပြင်းထန်စွာ ဒုက္ခဝေဒနာခံစေမည်။ သူတို့သည်ထိုအမျိုး သမီးနှင့်ပြုသည့်ဆိုးညစ်မှုများအတွက် နောင်တမရကြပါမူ ငါသည်ယခုပင်သူ တို့အားဒုက္ခဝေဒနာခံစေမည်။-
23 သူ၏နောက်လိုက်တို့သည်အသတ်ခံကြရ လိမ့်မည်။ ထိုအခါ၌ငါသည်လူတို့၏စိတ် နှလုံးနှင့်အကြံအစည်တို့ကိုသိမြင် တော်မူသောအရှင်ဖြစ်ကြောင်း အသင်းတော် အပေါင်းတို့သိရှိကြလိမ့်မည်။ သင်တို့ အသီးသီး၏အကျင့်အလျောက်အကျိုး အပြစ်ကိုငါပေးမည်။
24 ထိုသူတို့မှလွဲ၍ အခြားသွာတိရမြို့အသင်း တော်ဝင်တို့သည်ဤဆိုးညစ်သည့်အယူဝါဒ ကိုမလိုက်နာကြ။ စာတန်၏နက်နဲသည့်လျှို့ဝှက် ချက်များဟုသူတစ်ပါးတို့ခေါ်ဝေါ်ကြသည့် အရာများကိုလည်းမခံမယူကြ။ သင်တို့ အပေါ်သို့အခြားဝန်ထုပ်ကိုငါမတင်။-
25 သင်တို့သည်မိမိတို့၏လက်ဝယ်ရှိသည့် အရာကိုငါလာသည်တိုင်အောင်စွဲမြဲ စွာကိုင်ထားကြလော့။-
26-28 အောင်မြင်၍ငါလိုလားသည့်အကျင့်ကို အဆုံးတိုင်အောင် ကျင့်သောသူတို့အား ခမည်းတော်ထံမှငါရရှိသည့်အခွင့် အာဏာကိုငါပေးမည်။ ယင်းအခွင့်အာဏာ မှာလူမျိုးတကာတို့ကိုသံလှံတံဖြင့် အုပ်စိုး၍ မြေအိုးများကိုသံတုတ်ဖြင့် အစိတ်စိတ်အမြွှာမြွှာရိုက်ခွဲသကဲ့သို့ သူတို့အားချေမှုန်းပိုင်ခွင့်ဖြစ်သည်။ မိုး သောက်ကြယ်ကိုလည်းသူတို့အားငါ ပေးမည်။
29 အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော် မူသောစကားများကိုကြားတတ်သော နားရှိသူတို့ကြားပါစေ။