ဗျာ​ဒိတ် 2:5-11 BCL

5 သို့​ဖြစ်​၍​သင်​သည်​အ​ဘယ်​မျှ​လောက်​ကျ​ဆင်း လာ​သည်​ကို​ဆင်​ခြင်​လော့။ နောင်​တ​ရ​၍​အ​စ က​ပြု​ကျင့်​ခဲ့​သည့်​အ​တိုင်း​ပြု​ကျင့်​လော့။ သို့ မ​ပြု​ပါ​မူ​သင်​ရှိ​ရာ​သို့​ငါ​လာ​ခဲ့​မည်။ သင် နောင်​တ​မ​ရ​လျှင်​သင်​၏​မီး​ခွက်​ကို​နေ​ရာ​မှ ငါ​ဖယ်​ရှား​ပစ်​မည်။-

6 သို့​ရာ​တွင်​နိ​ကော​လ​၏​တ​ပည့်​တို့​ကျင့်​ကြံ​ပုံ ကို ငါ​မုန်း​သ​ကဲ့​သို့​သင်​လည်း​မုန်း​သ​ဖြင့်​သင့် အား​ချီး​မွမ်း​စ​ရာ​ရှိ​၏။

7 ``အ​သင်း​တော်​တို့​အား​ဝိညာဉ်​တော်​မိန့်​တော်​မူ သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား​ရှိ သူ​တို့​ကြား​ပါ​စေ။``အောင်​မြင်​သော​သူ​အား​ဘုရား​သခင်​၏​ဥ​ယျာဉ် တော်​ရှိ​အ​သက်​ပင်​၏​အ​သီး​ကို​စား​ခွင့်​ငါ ပေး​မည်။

8 စ​မု​ရ​န​မြို့​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။``ဤ​သြ​ဝါ​ဒ​သည်​အ​စ​နှင့်​အ​ဆုံး​ဖြစ်​သူ၊ သေ​ပြီး​မှ​အ​သက်​ပြန်​၍​ရှင်​လာ​သူ​၏​ထံ​မှ ဖြစ်​သည်။-

9 သင်​သည်​အ​ဘယ်​မျှ​ဆင်း​ရဲ​၍​အ​ဘယ်​မျှ​ဒုက္ခ ရောက်​သည်​ကို​ငါ​သိ​၏။ သို့​ရာ​တွင်​အ​မှန်​စင်​စစ် သင်​သည်​ကြွယ်​ဝ​သူ​ဖြစ်​၏။ မိ​မိ​တို့​ကိုယ်​ကို ဟေ​ဗြဲ​အ​မျိုး​သား​များ​ဟု​ဆို​ကြ​သော​သူ​တို့ သည်​သင့်​အား​အ​သ​ရေ​ပျက်​စေ​သည့်​စ​ကား များ​ကို​ပြော​ဆို​ကြ​ကြောင်း​ငါ​သိ​၏။ သူ​တို့ သည်​စင်​စစ်​အား​ဖြင့်​ဟေ​ဗြဲ​အ​မျိုး​သား​များ မ​ဟုတ်။ စာ​တန်​၏​အ​ဖွဲ့​ဝင်​များ​ဖြစ်​ကြ​၏။-

10 သင်​ခံ​ရ​မည့်​ဆင်း​ရဲ​ဒုက္ခ​များ​အ​တွက်​မ​စိုး ရိမ်​နှင့်။ စာ​တန်​သည်​သင်​တို့​အ​ချို့​ကို​ထောင်​ထဲ ၌​အ​ကျဉ်း​ချ​ထား​ခြင်း​အား​ဖြင့်​စစ်​ဆေး​လိမ့် မည်။ သင်​သည်​ဆယ်​ရက်​တိုင်​တိုင်​ဒုက္ခ​ခံ​ရ​လိမ့်​မည်။ သေ​သည်​တိုင်​အောင်​သစ္စာ​စောင့်​လော့။ သို့​မှ​သာ သင့်​အား​အ​သက်​သ​ရ​ဖူ​ကို​ငါ​ပေး​မည်။

11 ``အ​သင်း​တော်​တို့​အား​ဝိ​ညာဉ်​တော်​မိန့်​တော်​မူ သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား​ရှိ​သူ တို့​ကြား​ပါ​စေ။``အောင်​မြင်​သော​သူ​သည်​ဒု​တိ​ယ​သေ ခြင်း​ဘေး​နှင့်​ကင်း​လွတ်​လိမ့်​မည်။