ဗျာ​ဒိတ် 22:6-12 BCL

6 ထို​နောက်​ကောင်း​ကင်​တ​မန်​က​ငါ့​အား``ဤ​စ​ကား သည်​သစ္စာ​စ​ကား၊ ဟုတ်​မှန်​သော​စ​ကား​ဖြစ်​၏။ ပ​ရော​ဖက်​တို့​အား​ဝိညာဉ်​တော်​နှင့်​ပြည့်​ဝ​စေ တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မ​ကြာ​မီ​ဖြစ်​ပျက်​ရ​မည့်​အ​မှု​အ​ရာ​များ​ကို မိ​မိ​၏​အ​စေ​ခံ​တို့​အား​ဖော်​ပြ​ရန်​ကောင်း​ကင် တ​မန်​ကို​စေ​လွှတ်​တော်​မူ​ပြီ'' ဟု​ပြော​၏။

7 သ​ခင်​ယေ​ရှု​က``နား​ထောင်​လော့။ ငါ​သည်​မ​ကြာ မီ​ကြွ​လာ​မည်။ ဤ​ကျမ်း​စောင်​တွင်​ပါ​ရှိ​သည့် ပ​ရော​ဖက်​စ​ကား​များ​ကို လိုက်​လျှောက်​သော သူ​တို့​သည်​မင်္ဂလာ​ရှိ​၏'' ဟု​မိန့်​တော်​မူ​၏။

8 ဤ​အ​မှု​အ​ရာ​များ​ကို​တွေ့​မြင်​ကြား​သိ​ရ​သူ ကား ငါ​ယော​ဟန်​ပင်​ဖြစ်​၏။ ထို​အ​ရာ​များ​ကို တွေ့​မြင်​ကြား​သိ​ရ​ပြီး​သော​အ​ခါ ငါ​သည် ကောင်း​ကင်​တ​မန်​အား​ရှိ​ခိုး​ရန်​သူ​၏​ခြေ​ရင်း တွင်​ပျပ်​ဝပ်​လိုက်​၏။-

9 ကောင်း​ကင်​တ​မန်​က``ဤ​သို့​မ​ပြု​နှင့်။ ငါ​သည်​သင်​နှင့် သင်​၏​ညီ​အစ်​ကို​ပ​ရော​ဖက်​များ​နှင့် ဤ​ကျမ်း​စောင် ၏​စ​ကား​ကို​လိုက်​နာ​စောင့်​ထိန်း​သူ​တို့​၏​လုပ်​ဖော် ဆောင်​ဘက်​အ​စေ​ခံ​တစ်​ဦး​သာ​လျှင်​ဖြစ်​၏။ ဘု​ရား သ​ခင်​ကို​သာ​လျှင်​ရှိ​ခိုး​လော့'' ဟု​ဆို​၏။-

10 ထို​နောက်​ကောင်း​ကင်​တ​မန်​က``ဤ​အ​မှု​အ​ရာ အား​လုံး​ဖြစ်​ပျက်​မည့်​အ​ချိန်​သည်​နီး​ကပ်​လာ ပြီ​ဖြစ်​၍ ဤ​ကျမ်း​စောင်​တွင်​ဖော်​ပြ​ပါ​ရှိ​သည့် ပ​ရော​ဖက်​စ​ကား​များ​ကို​လျှို့​ဝှက်​၍​မ​ထား နှင့်။-

11 မ​တ​ရား​သော​အ​မှု​ကို​ပြု​သော​သူ​သည်​ပြု​မြဲ ပြု​ပါ​စေ။ ညစ်​ညမ်း​သူ​သည်​ဆက်​လက်​၍​ညစ်​ညမ်း လျက်​နေ​ပါ​စေ။ ဖြောင့်​မတ်​သူ​သည်​ဆက်​လက်​၍ ဖြောင့်​မတ်​ပါ​စေ။ မြင့်​မြတ်​သန့်​ရှင်း​သူ​သည်​ဆက် လက်​၍​မြင့်​မြတ်​သန့်​ရှင်း​ပါ​စေ'' ဟု​ငါ့​အား ဆို​၏။

12 သ​ခင်​ယေ​ရှု​က``နား​ထောင်​လော့။ မ​ကြာ​မီ​ငါ ကြွ​လာ​မည်။ လူ​အ​သီး​သီး​တို့​အား မိ​မိ​တို့​၏ အ​ကျင့်​အ​လျောက်​ပေး​အပ်​ရန်​ဆု​ကို​ငါ​ယူ လာ​မည်။-