ဗျာ​ဒိတ် 4:1-5 BCL

1 ထို​နောက်​ရူ​ပါ​ရုံ​တွင်​ကောင်း​ကင်​ဘုံ​တံ​ခါး​ပွင့် လျက်​ရှိ​သည်​ကို​ငါ​မြင်​ရ​၏။ ပ​ထ​မ​အ​ကြိမ် က​ငါ​ကြား​ရ​သော​တံ​ပိုး​ခ​ရာ​သံ​နှင့်​တူ​သည့် အ​သံ​က``ဤ​အ​ရပ်​သို့​တက်​လာ​လော့။ နောင်​ဖြစ် ရ​မည့်​အ​မှု​အ​ရာ​တို့​ကို​ငါ​ပြ​မည်'' ဟု​ငါ့ အား​ဆို​၏။-

2 ချက်​ချင်း​ပင်​ဝိ​ညာဉ်​တော်​သည်​ငါ့​အ​ပေါ်​သို့ သက်​ရောက်​လာ​လေ​သည်။ ကောင်း​ကင်​ဘုံ​၌ ပလ္လင်​တစ်​ခု​ရှိ​၏။ ထို​ပလ္လင်​ပေါ်​တွင်​ထိုင်​နေ တော်​မူ​သော​အ​ရှင်​တစ်​ပါး​ရှိ​သည်။-

3 ထို​အ​ရှင်​၏​မျက်​နှာ​တော်​သည်​န​ဂါး​သွဲ့​ကျောက်၊ ပတ္တမြား​ကျောက်​ကဲ့​သို့​တောက်​ပ​၏။ ပလ္လင်​၏​ပတ် လည်​တွင်​မြ​ရောင်​ပြေး​နေ​သော​သက်​တန့်​တည် လျက်​ရှိ​၏။-

4 ထို​ပလ္လင်​၏​ပတ်​လည်​တွင်​အ​ခြား​ပလ္လင်​နှစ်​ဆယ့်​လေး ခု​ကို​ငါ​တွေ့​မြင်​ရ​၏။ ထို​ပလ္လင်​များ​အ​ပေါ်​တွင် အ​ကြီး​အ​ကဲ​နှစ်​ဆယ့်​လေး​ပါး​ထိုင်​လျက်​နေ​၏။ သူ​တို့​သည်​ဝတ်​ဖြူ​စင်​ကြယ်​များ​ကို​ဝတ်​လျက်​ရွှေ သ​ရ​ဖူ​များ​ကို​ဆောင်း​ထား​ကြ​၏။-

5 ပလ္လင်​တော်​ထဲ​မှ​လျှပ်​စစ်​ပြက်​သည့်​အ​ရောင်​များ၊ မိုး​ချုန်း​သံ​များ၊ မိုး​ကြိုး​သံ​များ​ထွက်​ပေါ်​လာ​၏။ ပလ္လင်​တော်​၏​ရှေ့​တွင်​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​ခု​နစ် ပါး​တည်း​ဟူ​သော​မီး​တိုင်​သည်​ထွန်း​လင်း​လျက် ရှိ​၏။-