ဗျာ​ဒိတ် 6:13-17 BCL

13 ကောင်း​ကင်​ရှိ​ကြယ်​များ​သည်​လေ​ပြင်း​ဒဏ် ကြောင့် အ​ပင်​မှ​ကြွေ​ကုန်​သော​င်္သဘော​သ​ဖန်း သီး​စိမ်း​များ​ကဲ့​သို့​ကမ္ဘာ​မြေ​သို့​ကျ​ကုန်​၏။

14 မိုး​ကောင်း​ကင်​သည်​စာ​စောင်​ကို​လိပ်​သ​ကဲ့​သို့ ပျောက်​ကွယ်​သွား​၏။ တောင်​များ​နှင့်​ကျွန်း​ရှိ သ​မျှ​သည်​မိ​မိ​တို့​နေ​ရာ​မှ​ရွေ့​သွား​ကြ​ကုန်​၏။-

15 ထို​အ​ခါ​လော​ကီ​ဘု​ရင်၊ အာ​ဏာ​ပိုင်၊ စစ်​သူ​ကြီး၊ သူ​ဌေး​သူ​ကြွယ်၊ တန်​ခိုး​အာ​ဏာ​ရှိ​သူ​မှ​စ​၍ ကျွန်​နှင့်​ကျွန်​မ​ဟုတ်​သူ​အ​ပေါင်း​တို့​သည်​လိုဏ် ဂူ​များ​၌​လည်း​ကောင်း၊ တောင်​ပေါ်​ကျောက်​ဆောင် များ​၌​လည်း​ကောင်း​ပုန်း​အောင်း​၍​နေ​ကြ ကုန်​၏။-

16 ထို​သူ​တို့​က​တောင်​များ၊ ကျောက်​ဆောင်​များ အား``ငါ​တို့​အ​ပေါ်​သို့​ပြို​ကျ​လျက်​ပလ္လင်​တော် ပေါ်​တွင်​စံ​တော်​မူ​သော​အ​ရှင်​၏​မျက်​နှာ​တော် ကို​မ​မြင်​ရ​စေ​ရန်​နှင့်​သိုး​သူ​ငယ်​တော်​၏ အ​မျက်​တော်​မ​သင့်​ကြ​စေ​ရန်​ငါ​တို့​အား ဖုံး​ကွယ်​၍​ထား​ကြ​ပါ။-

17 ထို​အရှင်​တို့​၏​အ​မျက်​တော်​သင့်​မည့်​နေ့​ရက် ကာ​လ​ကျ​ရောက်​လာ​လေ​ပြီ။ ထို​အ​မျက်​တော် ကို​အ​ဘယ်​သူ​သည်​ရပ်​ခံ​နိုင်​ပါ​မည်​နည်း'' ဟု ဆို​ကြ​၏။