ဗျာ​ဒိတ် 7:1-4 BCL

1 ထို​နောက်​ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​သည် ကမ္ဘာ​မြေ​ကြီး​စွန်း​အ​ရပ်​လေး​မျက်​နှာ​တွင် ရပ်​လျက်​နေ​သည်​ကို​ငါ​မြင်​ရ​၏။ သူ​တို့​သည် ကုန်း​မြေ​ပေါ်​နှင့်​ပင်​လယ်​ပြင်​၌​သော်​လည်း​ကောင်း၊ သစ်​ပင်​များ​ကို​သော်​လည်း​ကောင်း​လေ​မ​တိုက် ခတ်​နိုင်​စေ​ရန် အ​ရပ်​လေး​မျက်​နှာ​မှ​လေ​တို့ ကို​ဆွဲ​ကိုင်​ထား​ကြ​၏။-

2 ထို​နောက်​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင် ၏​တံ​ဆိပ်​တော်​ကို ကိုင်​ဆောင်​လာ​သော​ကောင်း​ကင် တ​မန်​တစ်​ပါး​သည် အ​ရှေ့​အ​ရပ်​မှ​တက်​လာ သည်​ကို​ငါ​မြင်​ရ​၏။ သူ​သည်​ကုန်း​မြေ​နှင့် ပင်​လယ်​တို့​ကို​ဘေး​ဥ​ပဒ်​သင့်​စေ​နိုင်​ခွင့်​ကို ရ​ရှိ​ထား​သည့်​ကောင်း​ကင်​တ​မန်​လေး​ပါး တို့​အား၊-

3 ``ငါ​တို့​ဘု​ရား​သခင်​၏​အ​စေ​ခံ​တို့​န​ဖူး တွင်​တံ​ဆိပ်​တော်​ကို​ငါ​တို့​မ​ခတ်​နှိပ်​ရ​သေး မီ​သင်​တို့​သည်​ကုန်း​မြေ၊ ပင်​လယ်၊ သစ်​ပင်​တို့ အား​မည်​သို့​မျှ​ဘေး​ဥ​ပဒ်​မ​သက်​ရောက်​စေ ကြ​နှင့်'' ဟု​ကျယ်​စွာ​ဟစ်​အော်​၍​ပြော​၏။-

4 ထို​နောက်​တံ​ဆိပ်​ခတ်​နှိပ်​ထား​သူ​တို့​၏​အ​ရေ အ​တွက်​ကို​ငါ​ကြား​သိ​ရ​၏။ ယင်း​အ​ရေ အ​တွက်​မှာ​တစ်​သိန်း​လေး​သောင်း​လေး​ထောင် ရှိ​၍ ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ်​နွယ်​ဖြစ်​ကြ​သော၊-