ဗျာ​ဒိတ် 7:10-16 BCL

10 သူ​တို့​က``ကယ်​တင်​ခြင်း​ကျေး​ဇူး​သည်​ပလ္လင် တော်​ပေါ်​မှာ​စံ​တော်​မူ​သော ငါ​တို့​ဘု​ရား သ​ခင်​နှင့်​သိုး​သူ​ငယ်​တော်​ထံ​မှ​သက်​ရောက် လာ​၏'' ဟု​ကြီး​သော​အသံ​နှင့်​ကြွေး​ကြော် ကြ​၏။-

11 ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့​သည်​ပလ္လင် တော်​ကို​လည်း​ကောင်း၊ အ​ကြီး​အ​ကဲ​များ နှင့်​သက်​ရှိ​သတ္တ​ဝါ​လေး​ပါး​တို့​ကို​လည်း ကောင်း​ဝိုင်း​ရံ​လျက်​ရပ်​ကြ​၏။ ထို​နောက်​သူ တို့​သည်​ပလ္လင်​တော်​ရှေ့​၌​ပျပ်​ဝပ်​ကာ​ဘု​ရား သ​ခင်​အား​ရှိ​ခိုး​ကြ​၏။-

12 သူ​တို့​က``အာ​မင်။ ငါ​တို့​ဘု​ရား​သခင်​ကို ကမ္ဘာ​အ​ဆက်​ဆက်​ချီး​မွမ်း​ထော​မ​နာ​ပြု ကြ​စေ​သ​တည်း။ ကိုယ်​တော်​သည်​ဘုန်း​တန်​ခိုး၊ ဉာဏ်​ပ​ညာ၊ ဂုဏ်​အ​သ​ရေ​တို့​နှင့်​ပြည့်​စုံ တော်​မူ​ပါ​စေ​သ​တည်း။ ကိုယ်​တော်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ပါ​စေ သ​တည်း။ ``အာ​မင်'' ဟု​မြွက်​ဆို​ကြ​၏။

13 အ​ကြီး​အ​ကဲ​တစ်​ပါး​က​ငါ့​အား``ဝတ်​ဖြူ​စင် ကြယ်​ဝတ်​ဆင်​ထား​သူ​တို့​သည်​မည်​သူ​တို့​နည်း။ အ​ဘယ်​အ​ရပ်​က​လာ​ကြ​သ​နည်း'' ဟု​မေး​၏။

14 ငါ​က``အ​ရှင်၊ အ​ရှင်​သိ​ပါ​၏'' ဟု​ပြန်​၍​ဖြေ​၏။ထို​သူ​က``သူ​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ကြီး​ထဲ​မှ လွတ်​မြောက်​လာ​သူ​များ​ဖြစ်​၏။ သူ​တို့​သည် မိ​မိ​တို့​ဝတ်​လုံ​များ​ကို​သိုး​သူ​ငယ်​တော် ၏​သွေး​ဖြင့်​ဖြူ​စင်​အောင်​ဖွပ်​လျှော်​ခဲ့​ကြ လေ​ပြီ။-

15 ထို​ကြောင့်​သူ​တို့​သည်​ဘု​ရား​သခင်​၏​ပလ္လင် တော်​ရှေ့​သို့​ရောက်​ရှိ​၍ ကိုယ်​တော်​၏​ဗိ​မာန် တော်​တွင်​နေ့​ညဥ့်​မ​ပြတ်​ဝတ်​ပြု​နေ​ခြင်း ဖြစ်​၏။ ပလ္လင်​တော်​ပေါ်​စံ​နေ​တော်​မူ​သော အ​ရှင်​သည်​လည်း​သူ​တို့​နှင့်​အ​တူ​ရှိ​၍ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။-

16 သူ​တို့​သည်​နောက်​တစ်​ဖန်​အ​စာ​ရေ​စာ မ​ငတ်​မွတ်​ရ​ကြ။ နေ​ရောင်​ခြည်​သည်​လည်း ကောင်း၊ ပြင်း​ထန်​သော​အ​ပူ​ရှိန်​သည်​လည်း ကောင်း​သူ​တို့​အ​ပေါ်​သို့​မ​ကျ​ရောက်​ရ။-