ဗျာ​ဒိတ် 7:14-17 BCL

14 ငါ​က``အ​ရှင်၊ အ​ရှင်​သိ​ပါ​၏'' ဟု​ပြန်​၍​ဖြေ​၏။ထို​သူ​က``သူ​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ကြီး​ထဲ​မှ လွတ်​မြောက်​လာ​သူ​များ​ဖြစ်​၏။ သူ​တို့​သည် မိ​မိ​တို့​ဝတ်​လုံ​များ​ကို​သိုး​သူ​ငယ်​တော် ၏​သွေး​ဖြင့်​ဖြူ​စင်​အောင်​ဖွပ်​လျှော်​ခဲ့​ကြ လေ​ပြီ။-

15 ထို​ကြောင့်​သူ​တို့​သည်​ဘု​ရား​သခင်​၏​ပလ္လင် တော်​ရှေ့​သို့​ရောက်​ရှိ​၍ ကိုယ်​တော်​၏​ဗိ​မာန် တော်​တွင်​နေ့​ညဥ့်​မ​ပြတ်​ဝတ်​ပြု​နေ​ခြင်း ဖြစ်​၏။ ပလ္လင်​တော်​ပေါ်​စံ​နေ​တော်​မူ​သော အ​ရှင်​သည်​လည်း​သူ​တို့​နှင့်​အ​တူ​ရှိ​၍ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။-

16 သူ​တို့​သည်​နောက်​တစ်​ဖန်​အ​စာ​ရေ​စာ မ​ငတ်​မွတ်​ရ​ကြ။ နေ​ရောင်​ခြည်​သည်​လည်း ကောင်း၊ ပြင်း​ထန်​သော​အ​ပူ​ရှိန်​သည်​လည်း ကောင်း​သူ​တို့​အ​ပေါ်​သို့​မ​ကျ​ရောက်​ရ။-

17 အ​ဘယ်​ကြောင့်​ဆို​သော်​ပလ္လင်​တော်​အ​လယ် တွင်​ရှိ​တော်​မူ​သော သိုး​သူ​ငယ်​တော်​သည် သူ​တို့​အား​စောင့်​ထိန်း​ကြည့်​ရှု​၍ အ​သက် စမ်း​ရေ​ရှိ​ရာ​အ​ရပ်​သို့​ပို့​ဆောင်​တော်​မူ​မည် ဖြစ်​သော​ကြောင့်​တည်း။ ဘု​ရား​သ​ခင်​သည် လည်း​သူ​တို့​၏​မျက်​ရည်​ရှိ​သ​မျှ​ကို​သုတ် တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။