ဗျာ​ဒိတ် 7:3-12 BCL

3 ``ငါ​တို့​ဘု​ရား​သခင်​၏​အ​စေ​ခံ​တို့​န​ဖူး တွင်​တံ​ဆိပ်​တော်​ကို​ငါ​တို့​မ​ခတ်​နှိပ်​ရ​သေး မီ​သင်​တို့​သည်​ကုန်း​မြေ၊ ပင်​လယ်၊ သစ်​ပင်​တို့ အား​မည်​သို့​မျှ​ဘေး​ဥ​ပဒ်​မ​သက်​ရောက်​စေ ကြ​နှင့်'' ဟု​ကျယ်​စွာ​ဟစ်​အော်​၍​ပြော​၏။-

4 ထို​နောက်​တံ​ဆိပ်​ခတ်​နှိပ်​ထား​သူ​တို့​၏​အ​ရေ အ​တွက်​ကို​ငါ​ကြား​သိ​ရ​၏။ ယင်း​အ​ရေ အ​တွက်​မှာ​တစ်​သိန်း​လေး​သောင်း​လေး​ထောင် ရှိ​၍ ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ်​နွယ်​ဖြစ်​ကြ​သော၊-

5-8 ယု​ဒ​အ​နွယ်၊ ရု​ဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်၊ အာ​ရှာ အ​နွယ်၊ န​ဿ​လိ​အ​နွယ်၊ မ​နာ​ရှေ​အ​နွယ်၊ ရှိ​မောင် အ​နွယ်၊ လေ​ဝိ​အ​နွယ်၊ ဣသ​ခါ​အ​နွယ်၊ ဇာ​ဗု​လုန် အ​နွယ်၊ ယော​သပ်​အ​နွယ်၊ ဗင်​ယာ​မိန်​အ​နွယ်​တို့ မှ​တစ်​နွယ်​လျှင် တစ်​သောင်း​နှစ်​ထောင်​တံ​ဆိပ် ခတ်​နှိပ်​ခြင်း​ကို​ခံ​ရ​ကြ​သ​တည်း။

9 ထို​နောက်​ငါ​ကြည့်​လိုက်​သော​အ​ခါ အ​ဘယ် သူ​မျှ​မ​ရေ​မ​တွက်​နိုင်​သော​လူ​အုပ်​ကြီး ကို​တွေ့​ရ​၏။ သူ​တို့​သည်​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို​ပြော​ဆို​သော လူ​မျိုး​အ​နွယ် ခပ်​သိမ်း​တို့​မှ​လာ​ရောက်​ကြ​သူ​များ​ဖြစ် ကြ​၏။ သူ​တို့​သည်​ဝတ်​လုံ​ဖြူ​များ​ကို​ဝတ် လျက်​စွန်​ပ​လွန်​ခက်​များ​ကို​ကိုင်​ကာ ပလ္လင် တော်​နှင့်​သိုး​သူ​ငယ်​တော်​၏​ရှေ့​တွင်​ရပ် လျက်​နေ​ကြ​၏။-

10 သူ​တို့​က``ကယ်​တင်​ခြင်း​ကျေး​ဇူး​သည်​ပလ္လင် တော်​ပေါ်​မှာ​စံ​တော်​မူ​သော ငါ​တို့​ဘု​ရား သ​ခင်​နှင့်​သိုး​သူ​ငယ်​တော်​ထံ​မှ​သက်​ရောက် လာ​၏'' ဟု​ကြီး​သော​အသံ​နှင့်​ကြွေး​ကြော် ကြ​၏။-

11 ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့​သည်​ပလ္လင် တော်​ကို​လည်း​ကောင်း၊ အ​ကြီး​အ​ကဲ​များ နှင့်​သက်​ရှိ​သတ္တ​ဝါ​လေး​ပါး​တို့​ကို​လည်း ကောင်း​ဝိုင်း​ရံ​လျက်​ရပ်​ကြ​၏။ ထို​နောက်​သူ တို့​သည်​ပလ္လင်​တော်​ရှေ့​၌​ပျပ်​ဝပ်​ကာ​ဘု​ရား သ​ခင်​အား​ရှိ​ခိုး​ကြ​၏။-

12 သူ​တို့​က``အာ​မင်။ ငါ​တို့​ဘု​ရား​သခင်​ကို ကမ္ဘာ​အ​ဆက်​ဆက်​ချီး​မွမ်း​ထော​မ​နာ​ပြု ကြ​စေ​သ​တည်း။ ကိုယ်​တော်​သည်​ဘုန်း​တန်​ခိုး၊ ဉာဏ်​ပ​ညာ၊ ဂုဏ်​အ​သ​ရေ​တို့​နှင့်​ပြည့်​စုံ တော်​မူ​ပါ​စေ​သ​တည်း။ ကိုယ်​တော်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ပါ​စေ သ​တည်း။ ``အာ​မင်'' ဟု​မြွက်​ဆို​ကြ​၏။