ဗျာ​ဒိတ် 8:1-4 BCL

1 သတ္တမ​ချိပ်​တံ​ဆိပ်​ကို​သိုး​သူ​ငယ်​တော်​ဖွင့် လိုက်​သော​အ​ခါ ကောင်း​ကင်​ဘုံ​တွင်​နာ​ရီ ဝက်​ခန့်​ဆိတ်​ငြိမ်​၍​သွား​၏။-

2 ထို​နောက်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​ရပ် လျက်​နေ​သည့် ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး ကို​ငါ​မြင်​ရ​၏။ သူ​တို့​အား​တံ​ပိုး​ခ​ရာ ခု​နစ်​ခု​ကို​ပေး​အပ်​၏။

3 ထို​နောက်​အ​ခြား​ကောင်း​ကင်​တ​မန်​တစ်​ပါး သည်​ပလ္လင်​တော်​အ​နား​သို့​လာ​၍​ရပ်​၏။ သူ သည်​ရွှေ​လင်​ပန်း​ကို​ကိုင်​ထား​၏။ ပလ္လင်​တော် ရှေ့​၌​ရှိ​သော​ရွှေ​ယဇ်​ပလ္လင်​ပေါ်​မှာ​ဘု​ရား သ​ခင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့​၏​ဆု တောင်း​ပတ္ထ​နာ​များ​နှင့်​အ​တူ ပူ​ဇော်​မီး​ရှို့ ရန်​များ​စွာ​သော​နံ့​သာ​ပေါင်း​ကို​သူ့​အား ပေး​အပ်​ထား​သည်။-

4 နံ့​သာ​ပေါင်း​မှ​ထွက်​လာ​သော​မီး​ခိုး​သည် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​ရပ်​နေ​သော ကောင်း​ကင်​တ​မန်​၏​လက်​မှ ဘု​ရား​သ​ခင် ၏​လူ​စု​တော်​ဝင်​တို့​ဆု​တောင်း​ပတ္ထနာ​များ နှင့်​အ​တူ​အ​ထက်​သို့​တက်​လေ​၏။-