2 ထိုအကြောင်းအရာများကိုမျက်မြင်သက်သေ များဖြစ်၍ သခင်ယေရှုအကြောင်းသတင်းကောင်း ကိုဟောပြောသူတို့၏ပြောကြားချက်အရကျမ်း ပြုပ္ဂိုလ်တို့ကရေးသားပြုစုခဲ့ကြပါသည်။-
3 အကျွန်ုပ်သည်လည်းထိုအကြောင်းအရာအပေါင်း ကိုစတင်ဖြစ်ပျက်ချိန်မှစ၍ သေချာစွာလေ့လာ ခဲ့သူဖြစ်သည်အလျောက်၊-
4 အရှင်ဖတ်ရှုနိုင်ရန်အစီအစဉ်ညီညွတ်သည့် ကျမ်းစောင်ကိုပြုစုရသော်ကောင်းမည်ဟုယူဆ အပ်ပါသည်။ အရှင်ကြားသိခဲ့သောအကြောင်း အရာများကိုစုံလင်စွာအရှင့်အားသိစေလို သောကြောင့်ဤကျမ်းကိုပြုစုရခြင်းဖြစ်ပါသည်။
5 ယုဒရှင်ဘုရင်ဟေရုဒ်မင်းလက်ထက်၌ ဇာခရိ နာမည်ရှိသောယဇ်ပုရောဟိတ်တစ်ပါးရှိ၏။ သူ သည်အဘိယယဇ်ပုရောဟိတ်အဖွဲ့ဝင်ဖြစ်၏။ သူ၏ဇနီးကားဧလိရှဗက်ဟုနာမည်တွင်၏။ ဧလိရှဗက်သည်လည်းယဇ်ပုရောဟိတ်အနွယ် ဝင်ဖြစ်၏။-
6 ထိုသူနှစ်ဦးလုံးပင်ဘုရားသခင်၏ရှေ့တော် တွင်သူကောင်းများဖြစ်ကြ၏။ ထာဝရဘုရား ၏ပညတ်တော်ရှိသမျှနှင့်ညွှန်ကြားတော်မူ ချက်များကိုတစ်သဝေမတိမ်းလိုက်နာကြ၏။-
7 သို့သော်ဧလိရှဗက်သည်အမြုံဖြစ်၍သားသမီး မရ။ သူတို့နှစ်ဦးလုံးပင်အသက်ကြီးရင့်ကြ လေပြီ။-
8 တစ်နေ့သ၌ဇာခရိသည်မိမိ၏အဖွဲ့တာဝန် အလှည့်ကျသဖြင့် ဗိမာန်တော်တွင်ယဇ်ပုရော ဟိတ်ဝတ္တရားကိုဆောင်ရွက်စဉ်၊-