လုကာ 1:41-47 BCL

41 ဧ​လိ​ရှ​ဗက်​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ဖြင့်​ပြည့်​ဝ​လျက်၊-

42 ``သင်​သည်​အ​မျိုး​သ​မီး​တ​ကာ​တို့​ထက်​မင်္ဂ​လာ ရှိ​၏။ သင်​ဖွား​အံ့​သော​သား​သည်​မင်္ဂ​လာ​ရှိ​၏။-

43 အ​ကျွန်ုပ်​အ​ရှင်​၏​မယ်​တော်​သည်​အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ထံ​သို့​ကြွ​လာ​တော်​မူ​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​ဤ​အ​ခွင့်​ထူး​ကို​အ​ကျွန်ုပ်​ခံ​စား​ရ​ပါ​သ​နည်း။-

44 သင်​၏​နှုတ်​ဆက်​စ​ကား​ကို​အ​ကျွန်ုပ်​ကြား သော​အ​ခါ​အ​ကျွန်ုပ်​၏​ဝမ်း​မှ​သူ​ငယ်​သည် ဝမ်း​မြောက်​ရွှင်​မြူး​သ​ဖြင့်​ခုန်​ပါ​၏။-

45 ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော် အ​တိုင်း​ဖြစ်​လိမ့်​မည်​ဟု​သင်​သည်​ယုံ​ကြည်​သ​ဖြင့် မင်္ဂ​လာ​ရှိ​၏'' ဟု​ကျယ်​စွာ​မြွက်​ဆို​၏။

46 မာ​ရိ​က၊``ငါ​၏​စိတ်​နှ​လုံး​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​၏။

47 ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အ​မှု​ကြောင့်ငါ့​ဝိ​ညာဉ်​သည်​အား​ရ​ရွှင်​လန်း​ပါ​၏။