လုကာ 1:67-73-75 BCL

67 ယော​ဟန်​၏​အ​ဖ​ဇာ​ခ​ရိ​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖြင့်​ပြည့်​ဝ​လျက်​ဟော​သည်​မှာ၊

68 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ထာ​ဝ​ရ​အ​ရှင်ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​ထော​မ​နာ​ပြု​ကြ​ပါ စေ​သော။ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့ ကြွ​လာ​၍​သူ​တို့​ကို​လွတ်​မြောက်​စေ​တော်​မူ​ပြီ။

69 ကိုယ်​တော်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အ​မျိုး​အ​နွယ်​တွင်တန်​ခိုး​ကြီး​မား​သော၊ကယ်​တင်​ရှင်​ကို ပေါ်​ထွန်း​စေ​တော်​မူ​ပြီ။

70 ရှေး​သန့်​ရှင်း​မြင့်​မြတ်​သူ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊

71 ကိုယ်​တော်​သည်​ငါ​တို့​အား​ရန်​သူ​များ​၏ လက်​မှ​လည်း​ကောင်း၊ငါ​တို့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​၏ လက်​မှ​လည်း​ကောင်း​ကယ်​ဆယ်​ရန်၊

72 ငါ​တို့​၏​ဘိုး​ဘေး​များ​အ​ပေါ်​ဝယ်​က​ရု​ဏာ ထား​တော်​မူ​မည်​ဖြစ်​ကြောင်း​နှင့်၊ပ​ဋိ​ညာဉ်​တော်​ကို​သ​တိ​ရ​မည်​ဖြစ်​ကြောင်း မိန့်​တော်​မူ​ခဲ့​ပြီ။

73-75 ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင် တစ်​သက်​လုံး​သန့်​ရှင်း​ဖြောင့်​မတ်​ကြ​စေ​ရန်၊ငါ​တို့​ကို​ရန်​သူ​များ​၏​လက်​မှ​ကယ်​၍ ကိုယ်​တော်​၏​အ​မှု​တော်​ကို၊ကြောက်​ရွံ့​ခြင်း​ကင်း​လျက်​ဆောင်​ရွက်​စေ​မည်​ဟု ငါ​တို့​၏ အ​ဖ​အာ​ဗြ​ဟံ​အား​ကျိန်​ဆို​တော်​မူ​ခဲ့​ပြီ။