32 ထိုနည်းတူလေဝိအနွယ်ဝင်တစ်ယောက်သည်ထို နေရာသို့ရောက်လာ၏။ သူသည်လည်းလူနာကို လာကြည့်ပြီးလျှင်ရှောင်ကွင်း၍သွားလေ၏။-
33 သို့ရာတွင်ရှမာရိအမျိုးသားတစ်ယောက်သည် ခရီးပြုလာစဉ်သူနာရှိရာသို့ရောက်လာသော် သူနာကိုမြင်၍သနားကြင်နာစိတ်ရှိသဖြင့်၊-
34 သူနာ၏ထံသို့ချဉ်းကပ်ပြီးလျှင် သူနာ၏ဒဏ် ရာများကိုဆီနှင့်စပျစ်ရည်လိမ်းကျံ၍အဝတ် ဖြင့်စည်းပေး၏။ ထိုနောက်မိမိမြည်းပေါ်မှာ သူနာကိုတင်လျက်တည်းခိုရိပ်သာသို့ဆောင် သွား၍ပြုစုလေ၏။-
35 နောက်တစ်နေ့၌တည်းခိုရိပ်သာမှထွက်ခွာချိန် တွင်သူသည်ဒေနာရိဒင်္ဂါးနှစ်ပြားကိုထုတ်၍ တည်းခိုရိပ်သာပိုင်ရှင်အားပေးပြီးလျှင် `ဤ သူနာကိုကြည့်ရှုပြုစုပါ။ နောက်ထပ်ကုန်ကျ သမျှကိုအကျွန်ုပ်ပြန်လာသောအခါပေး ပါမည်' ဟုပြော၏။
36 ထိုသူသုံးယောက်တို့အနက်အဘယ်သူသည် ဋ္ဌားပြဘေးနှင့်တွေ့ရသူ၏အိမ်နီးချင်းဖြစ် မည်ဟုသင်ထင်သနည်း'' ဟုမေးတော်မူ၏။
37 ကျမ်းတတ်ဆရာက ``သူနာအားသနားကြင်နာ စွာပြုစုသူဖြစ်ပါသည်'' ဟုလျှောက်လျှင်၊သခင်ယေရှုက ``သင်သည်သွား၍ထိုနည်းတူ ပြုလော့'' ဟုမိန့်တော်မူ၏။
38 သခင်ယေရှုနှင့်တပည့်တော်တို့သည်ခရီးသွား ကြစဉ်ရွာတစ်ရွာသို့ရောက်ကြ၏။ ထိုရွာရှိမာသ နာမည်ရှိသောအမျိုးသမီးသည်မိမိ၏အိမ်တွင် ကိုယ်တော်ကိုကြိုဆိုဧည့်ခံ၏။-