1 အခါတစ်ပါး၌ကိုယ်တော်သည်တစ်ခုသော အရပ်တွင်ဆုတောင်းပတ္ထနာပြုလျက်နေတော် မူ၏။ ဆုတောင်းပတ္ထနာပြီးဆုံးသောအခါ တပည့်တော်တစ်ဦးက ``အရှင်ဘုရား၊ ယောဟန် သည်မိမိ၏တပည့်များအားဆုတောင်းပတ္ထ နာပြုရန်နည်းပေးသကဲ့သို့ အကျွန်ုပ်တို့အား လည်းပေးတော်မူပါ'' ဟုလျှောက်ထား၏။
2 ကိုယ်တော်က ``သင်တို့ဆုတောင်းပတ္ထနာပြုသော အခါ၊`အို အဖ၊ကိုယ်တော်ရှင်၏နာမတော်ကို ရိုသေလေးမြတ်ကြပါစေသော။ကိုယ်တော်ရှင်၏အုပ်စိုးတော်မူခြင်းရှိပါ စေသော။
3 လိုအပ်သောအစားအစာကိုအကျွန်ုပ်တို့အား၊ နေ့စဉ်နေ့တိုင်းပေးသနားတော်မူပါ။
4 အကျွန်ုပ်တို့အားသူတစ်ပါးတို့မှားမိသည့် အပြစ်များကို၊အကျွန်ုပ်တို့ဖြေလွှတ်ကြသကဲ့သို့အကျွန်ုပ် တို့၏ အပြစ်များကိုဖြေလွှတ်တော်မူပါ။အကျွန်ုပ်တို့သည်လွန်ကဲသောစုံစမ်းသွေး ဆောင်ခြင်းကို မခံရပါစေနှင့်'ဟူ၍မြွက်ဆိုကြလော့'' ဟုမိန့်တော်မူ၏။
5-6 ထိုနောက်ကိုယ်တော်က ``သင်တို့တွင်တစ်စုံတစ် ယောက်သောသူသည်သန်းခေါင်အချိန်၌မိတ် ဆွေတစ်ဦး၏အိမ်သို့သွား၍ `အဆွေ၊ ကျွန်ုပ်၏ အိမ်သို့ခရီးသည်မိတ်ဆွေတစ်ယောက်ရောက်ရှိ လာပါသည်။ ကျွန်ုပ်တို့ထံတွင်သူ့အားကျွေး စရာဘာမျှမရှိသဖြင့် မုန့်သုံးလုံးကိုချေး လိုပါသည်' ဟုဆိုသော်၊-