12 ကြက်ဥကိုတောင်းလျှင်ကင်းမြီးကောက်ကို ပေးမည်နည်း။-
13 သင်တို့သည်ဆိုးသောသူများဖြစ်လျက်ပင် သားသမီးများအားအကောင်းကိုပေးတတ် လျှင်ကောင်းကင်ဘုံရှင်သင်တို့အဖသည် တောင်းလျှောက်သောသူတို့အားသန့်ရှင်းသော ဝိညာဉ်တော်ကိုသာ၍ပေးတော်မူမည်မဟုတ် လော'' ဟုမိန့်တော်မူ၏။
14 သခင်ယေရှုသည်ဆွံ့အသောနတ်မိစ္ဆာကို နှင်ထုတ်တော်မူ၍နတ်မိစ္ဆာထွက်သွားသည် နောက်ဆွံ့အသောသူသည်စကားပြော လေ၏။ လူပရိသတ်တို့သည်များစွာအံ့သြ ကြ၏။-
15 သို့ရာတွင်လူအချို့က ``ကိုယ်တော်သည်နတ် မိစ္ဆာဘုရင်ဗေလဇေဗုလကိုအမှီပြု၍နတ် မိစ္ဆာများကိုနှင်ထုတ်သည်'' ဟုဆိုကြ၏။
16 အချို့ကကိုယ်တော်အားပရိယာယ်ဆင် ၍ ``ကောင်းကင်မှနိမိတ်လက္ခဏာတစ်ရပ် ကိုပြတော်မူပါ'' ဟုတောင်းခံကြ၏။-
17 ကိုယ်တော်သည်ထိုသူတို့၏အကြံအစည်ကို သိတော်မူသဖြင့် ``တိုင်းနိုင်ငံတစ်ခုတွင်လူ တို့စိတ်ဝမ်းကွဲပြားလျက်နေလျှင် ထိုနိုင်ငံသည် မကြာမီပျက်စီးမည်သာဖြစ်၏။ အိမ်ထောင်တစ် ခုတွင်အိမ်သူအိမ်သားတို့စိတ်ဝမ်းကွဲပြား လျက်နေလျှင် ထိုအိမ်ထောင်သည်ပျက်စီး မည်သာဖြစ်၏။-
18 ထို့ကြောင့်စာတန်၏နိုင်ငံတွင်စိတ်ဝမ်းကွဲပြား မှုရှိလျှင် အဘယ်သို့လျှင်ရပ်တည်နိုင်မည်နည်း။ ငါသည်ဗေလဇေဗုလကိုအမှီပြု၍ နတ်မိစ္ဆာ များကိုနှင်ထုတ်သည်ဟုသင်တို့ဆိုကြ၏။-